fbpx

Video Conferencing မလုပ်ခင် ပြင်ဆင်ထားသင့်တဲ့ အချက်များ

အခုလို Remote Working / Work From Home လုပ်နေရချိန်မှာ Video Conference Meeting တွေ မကြာခဏ တက်ရတာမျိုးတွေ လုပ်ကြရတယ် ဟုတ်? 

ပွဲမဝင်ခင် ပြင်ကကျင်းပ ဆိုသလို လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေနဲ့ Video Conferencing မလုပ်ခင် ပြင်ဆင်ထားသင့်တဲ့ သတိပြုစရာ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(တစ်ပုံချင်းစီ အောက်မှာဖတ်ကြည့်နော်)

(၁) ကြိုတင်ပြင်ဆင်ဖို့

Webcam, Microphone အလုပ်လုပ်လား? Internet အခြေအနေတွေကို သိရအောင် Meeting မစခင် နာရီပိုင်းအကြိုလောက်မှာ အစမ်း Video Call ခေါ်ကြည့်ပြီး ကြိုတင်ပြင်ဆင်ပါ။ Meeting အတွက် ဝတ်မယ့် အင်္ကျီကအစပေါ့။

(၂) ကြားဖြတ် အနှောင့်အယှက်မဝင်အောင်

အိမ်မှာ အလုပ်လုပ်ရတဲ့အတွက် ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ မြင်ကွင်းထဲရောက်လာတာမျိုး မဖြစ်အောင် ကိုယ် Meeting လုပ်နေကြောင်း သူတို့ကို ကြိုတင်အသိပေးထားပါ။

(၃) Webcam နဲ့ ခန္ဓာကိုယ် အနေအထား

လုပ်ဖော်ကိုင်ဖက်တွေက Webcam ကနေ ကိုယ့်ရဲ့ မျက်နှာ၊ ခန္ဓာကိုယ်တစ်ဝက် စသဖြင့် ကိုယ့်ကို မြင်ရမယ့် အနေအထားကို အစမ်း Video Call ခေါ်ပြီး ပြင်ဆင်သတ်မှတ်ထားပါ။အလင်းရောင်သေချာရတဲ့ နေရာမျိုးကို ရွေးပါ။

(၄) နေရာထိုင်ခင်း ရှင်းလင်းထားပါ

အခန်းထဲမှာ ပစ္စည်းတွေရှုပ်ပွနေတာ၊ နောက်ခံနံရံမှာ မြင်မကောင်းဖြစ်နေတာမျိုးတွေကို ကြိုတင်ရှင်းလင်းထားပါ။ Webcam မှာ မြင်ရမယ့် Frame အတိုင်းအတာအထိ ရှင်းလင်းအောင် လုပ်ထားပါ။

(၅) တိတ်ဆိတ်တဲ့နေရာဖြစ်ပါစေ

Meeting လုပ်တဲ့အခါ နားကြပ်အသုံးပြုပါ။ ဆူညံသံတွေ မရှိတဲ့ တိတ်ဆိတ်တဲ့နေရာမျိုးကို ရွေးချယ်ဖို့လည်း လိုပါတယ်။

(၆) Mute လုပ်ပါ

Meeting အတွင်း အချိန်အတော်ကြာကြာ ကိုယ့်ဘက်က စကားပြောဖို့မလိုတာမျိုးဆိုရင့် Mic ကို mute လုပ်ထားပါ။ Meeting လုပ်နေတုန်း နေရာက ထသွားဖို့လိုတယ်ဆိုရင်တော့ Camera ကို mute လုပ်ပြီးမှ သွားပါ။

Leave a Comment