Stay Home နေရင်း အကျိုးရှိအောင် စာလေ့လာကြမယ်

Stay Home လုပ်နေချိန်အတွင်း မပျင်းရအောင် အွန်လိုင်းကနေ စာလေ့လာကြမယ်!
=====
Harvard University, University of Oxford နဲ့ Boston University လို နိုင်ငံကျော် University တွေက ဘာသာရပ်တွေကို အိမ်မှာနေရင်း အခမဲ့လေ့လာနိုင်မယ့် Website တွေကို ဖော်ပြပေးလိုက်တယ်နော်!
(1) edX – https://www.edx.org/
edX မှာတော့ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ တက္ကသိုလ် (၉၀) ကျော်က သင်ကြားပို့ချနေတဲ့ ဘာသာရပ်ပေါင်း (၂၅၀၀) ကျော်ကို လေ့လာနိုင်မှာပါ။
(2) Academic Earth – https://academicearth.org/
Accounting, Economic နဲ့ Engineering ဘာသာရပ်တွေကို University of Oxford, Massachusetts Institute of Technology, Stanford University စတဲ့ University တွေရဲ့ ဘာသာရပ်တွေပါဝင်ပါတယ်။
(3) Internet Archive – https://archive.org/
Internet Archive မှာတော့ အခမဲ့လေ့လာနိုင်တဲ့ ဘာသာရပ်တွေအပြင် ဘာသာရပ်နဲ့ဆက်စပ်တဲ့ E Book တွေကိုပါ အခမဲ့ ဖတ်ရှုနိုင်မှာပါ။
(4) Big Think – https://bigthink.com/
Big Think မှာတော့ သက်ဆိုင်ရာဘာသာရပ် Expert (၂၀၀၀) ကျော်ရဲ့ သင်ကြားပို့ချမှုတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Stay home! Stay safe! Study online!