Self-Sabotaging နှင့် အားနာတတ်လွန်းခြင်း

Self-Sabotaging နှင့် အားနာတတ်လွန်းခြင်း =====
Self-Sabotaging ဆိုတာကို Intern Pluser တွေအနေနဲ့ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် မိမိကိုယ်ကို စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ ထိခိုက်အောင် ဒါမှမဟုတ် ဆုတ်ယုတ်အောင် ပြုလုပ်မိနေခြင်းပဲဖြစ်ပါတယ်။
ဒီ Self-Sabotaging ဆိုတာ လုပ်ငန်းခွင်ထဲ ဝင်တဲ့အခါမှ မဟုတ်ဘဲ Intern Pluser တို့ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်သတိပြုမိလိုက်သည်ဖြစ်စေ မပြုမိသည်ဖြစ်စေ နေ့တိုင်း ကြုံတွေ့နေရတဲ့ အရာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ ဒီနေ့မှာတော့ Intern Pluser တွေအတွက် ဒီနေ့ကစပြီး သတိပြုမိပြီး ပြင်ဆင်လို့ရအောင် Self-Sabotaging ဖြစ်မှန်းမသိ ဖြစ်နေစေတဲ့ အချက်တွေထဲကမှ အဓိက အချက်(၁)ချက်ကို မျှဝေပေးသွားချင်ပါတယ်။
အားနာတတ်လွန်းခြင်း
ဒီအရာကတော့ အားလုံးအတွက် အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်တဲ့ အားနာတတ်လွန်းခြင်းပဲ ဖြစ်ပါတယ်။ဒီကိစ္စက Intern Pluser တွေ အများဆုံးကြုံတွေ့နေရတဲ့ ကိစ္စဆိုလည်း မမှားပါဘူး။ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် အချင်းချင်း ရင်းနှီးမှု ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ် အားနာပြီး ကူညီပေးတယ်ဆိုတာ အမြဲတမ်းအတွက် မကောင်းပါဘူးနော်။ အားနာလွန်းပြီး မငြင်းရက်လို့ ကူညီပေးတယ်ဆိုပေမယ့် ကိုယ့်အတွက် မနိုင်ဝန်ထမ်းရသလို ကိစ္စဖြစ်နေခဲ့မယ်ဆို Intern Pluser တွေအတွက် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ stress တစ်ခု ဖြစ်လာစေပါတယ်။
ဒီမှာမှ ကိုယ်လည်း အရမ်းကြီးတတ်ကျွမ်းနေလို့မဟုတ်ဘဲ တစ်ဖက်လူအတွက် အကူအညီ အထောက်အပံ့ဖြစ်ပါစေဆိုပြီး စိတ်ရောကိုယ်ရောနှစ်ပြီး အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီပေးလိုက်ပေမယ့် ကိုယ့်စေတနာတွေ အသိအမှတ်ပြု မခံရတဲ့အခါမှာ ပိုပြီး စိတ်ထိခိုက်ရပါတယ်။
ဒါကြောင့်မလို့ အားနာတတ်လွန်းပြီး သူများအတွက် စဉ်းစားပေးလွန်းတာဟာ Intern Pluser တွေ မသိလိုက်ဘဲ ကိုယ့်ကိုယ်ကို Self-Sabotage ဖြစ်သွားစေတဲ့ အဓိက အချက်တစ်ခုဖြစ်လို့ ကိစ္စတိုင်းကို emotional intelligence နဲ့ရော self-care နဲ့ပါ တွဲပြီး စဉ်းစားဆုံးဖြတ်ကြရအောင်နော်။