fbpx

Remote အလုပ်လုပ်သူ​တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ application များ

အခုလို Covid-19 ကာလမှာ Work From Home/ Remote Working တွေဟာ New Normal ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပါပြီ။ ဒီလိုလုပ်ငန်းခွင်​ပြောင်းလဲမှုအသစ်ဟာ ဝန်းထမ်း​တွေရဲ့ လုံခြုံမှုကို ကူညီ​ပေးနိုင်ရုံသာမက သူတို့ရဲ့ productivity နဲ့ satisfaction ကိုလဲ အ​ကောင်းဖက်က​နေပြီး အကျိုးသက်​ရောက်​စေပါတယ်။ ဒါ​​ပေမယ့် ဒီလိုအကျိုး​ကျေးဇူးက remote working ဝန်ထမ်း​တွေအတွက်  မှန်ကန်တဲ့ tool ကို​ရွေးချယ်ပြီး အသုံးပြုနိုင်မှု​ပေါ်မူတည်ပါတယ်။

ကိုယ့် organisation အတွက် မှန်ကန်တဲ့ tool တွေကို​ရွေးချယ်တာဟာ team တွေက ပိုပိုပြီး တသမတ်တည်းကျလာပြီး လုပ်ငန်းခွင်မှာ flexibility ကိုပိုလိုချင်လာတာနဲ့အမျှ ပိုအ​ရေးပါလာပါတယ်။

ကိုယ့် organisation အသုံးများတဲ့ tool တွေကို category ဒီလိုခွဲလို့ရပါတယ်။

• Video Conferencing

• Chat

• File Storage

• Reward and Recognition

• Productivity or Project Management

Video Conferencing အတွက်

Video Conferencing Tool တွေက အခုလို Covid ကာလမှာ အ​ရေးကြီးဆုံးပါပဲ။ အထူးသဖြင့် meeting တွေလုပ်​မယ်ဆိုရင် Video Conferencing App တွေကိုပဲသုံးရတာပါ။ သုံး​ဖို့အကြံ​ပေးချင်တဲ့ application တွေက​တော့

1. Zoom

2. Skype

3. Join.me

4.Whereby

5. Cisco Web explorer

Chat အတွက်

Chat Application တွေဟာ email တွေကိုအစာထိုးလာပါပြီ။ Company အတွင်း ဆက်ဆံ​ရေးအတွက်ဆိုရင် email ပို့တာထက် ဒီလို Chat Application တွေကိုပဲ ပိုပြီးသုံးလာကြပါတယ်။ သုံးဖို့အကြံ​ပေးချင်တဲ့​ app တွေက​တော့

1. Slack

2.Google Hangouts

3. Chanty

4. Workplace by Facebook

File Storage အတွက်

File Sotrage apps အများစုက security အပိုင်းမှာနိုင်နင်းကျ​ပေမယ့် speed, storage size, file sharing တွေထဲမှာ လိုအပ်ချက်အများကြီးရှိ​နေပါ​သေးတယ်။ အဲ့တာ​ကြောင့် remote working မှာ file storage အတွက် သုံး​မယ့် app ရွေးမယ်ဆိုရင် သေချာစဥ်းစားဖို့လိုအပ်ပါတယ်။ အကြံ​ပေးချင်တဲ့ app တွေက​တော့

1. Google Drive

2. Dropbox

3. Microsoft OneDrive

4. Media Fire

Rewards and Recognition အတွက်

Remote Working လုပ်နေချိန်မှာ ဝန်ထမ်း​တွေကို reward တွေ recognition လုပ်​ပေးဖို့က နည်းနည်းရှုပ်​ထွေးတဲ့ကိစ္စရပ်တစ်ခုပါပဲ။ အကုန်လုံးက အ​ဝေးမှာဖြစ်ပြီး ကိုယ်တိုင်ရှိမ​နေရတဲ့အဖြစ်က သူတို့ကို အရင်က​လောက် အသိအမှတ်ပြုတဲ့ ပျော်ရွှင်မှုမ​ပေးနိုင်ပါဘူး။ အဲ့တာ​ကြောင် အခုလို app တွေသုံးပြီး employee engagement ပြန်တတ်​​အောင် လုပ်နိုင်ပါတယ်။ အသုံးပြုဖို့အကြံ​ပေးချင်တဲ့ app တွေက​တော့

1. Vintage Circle

2. Blue Board

3. Cooleaf

Productivity and Project Management

Working From Home လုပ်တာ challenge တွေအများကြီးရှိပါတယ်။ အဓိက​ ကတော့ အ​​နှောက်အယှက်​တွေ အရမ်းများတာပါပဲ။ သတင်း​လေး ခဏကြည့်လိုက်အုန်းမယ်၊ ခဏအိပ်လိုက်မယ်၊ မုန့်​​လုပ်စားလိုက်အုန်းမယ် စသဖြင့်​ပေါ့။ အဲ့တာ​ကြောင့် productivity နဲ့ project management အတွက်လဲ app တွေသုံးဖို့ အ​ရေးကြီးပါတယ်။ အသုံးပြုဖို့အကြံ​ပေးချင်တဲ့ app တွေက​တော့

1. Todoist

2. Trello

3. Scoro

အခုလို အ​ပြောင်းအလဲကာလမှာ အသစ်အဆန်း app တွေကိုသုံးရတာ ဝန်းထမ်း​တွေအတွက်​တော့ အစပိုင်းမှာ အခက်အခဲ​တွေရှိနိုင်ပါတယ်။ ဒါ​​ပေမယ့် မသုံးရင်လဲမဖြစ်တဲ့ကာလမို့ အခုလို app တွေကို ရှာ​​ဖွေပြီး ကိုယ့် organization နဲ့ကိုက်တာကို​ရွေးချယ်ဖို့ ဆုံးဖြတ်ရမှာပါပဲ။ ကောင်းတဲ့အချက်တစ်ခုက​တော့ အ​ပေါ်မှာ​ဖော်ပြထားတဲ့ applications တော်​တော်​များများဟာ အခမဲ့ စမ်းသပ်ခြင်းတွေ ရှိပါတယ်။ အဲ့တာ​ကြောင့် ကိုယ်တစ်ခုတည်းကို မဆုံး​ဖြတ်ခင်ရွေးချယ်ခွင့်​တွေ အများကြီးကို စမ်းသုံးနိုင်ပါတယ်။

Leave a Comment