Remote Team work ကိုပိုပြီး Effective ဖြစ်လာစေမယ့် အရေးကြီးဆုံး C သုံးမျိုး

Company တိုင်းက အခု covid ကာလမှာ Remote work team ကို ပိုပြီးတိုးတက်လာအောင် လုပ်ချင်ကြပါတယ်။ သို့သော် အရင်ကလုပ်ခဲ့တဲ့ လုပ်ငန်းခွင်အတွေ့အကြုံပုံစံအတိုင်း လိုက်ပြီးလုပ်လို့လဲမရနိုင်ပါဘူး ။ ဒါပေမဲ့ အခု remote work control လုပ်ရင်းနဲ့လဲ ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်တွေကို ဂရုစိုက်ပေးခြင်း၊ စေ့စပ်ညှိနှိုင်းပေးခြင်း တို့ဖြင့် ပိုပြီး efficient ဖြစ်အောင် support ပေးနိုင်ပါတယ် ။ Remote control လုပ်တဲ့အခါမှာအလေးပေးစဉ်းစားသင့်တဲ့ အချက် (၃) ချက်ကတော့ Care , Culture , Community ပဲဖြစ်တယ်။
ပထမအချက် Care မှာဆိုရင် Front-line manager တွေ HR leader တွေ ဝန်ထမ်းတွေနဲ့ဆက်ဆံတဲ့အခါမှာ အရင် covid မတိုင်ခင်က ပြုလုပ်ခဲ့တဲ့ နည်းတွေနဲ့ မတူတဲ့နည်းတွေ သုံးရပါမယ် ။ HR Manager များအနေနဲ့ ဝန်ထမ်းတစ်ဦးချင်းတိုင်းရဲ့ လိုအပ်ချက်တွေကိုနားလည်ပေးဖို့လိုသလို compassion နဲ့ empathy ရှိဖို့ကလဲ အရမ်းအရေးကြီးပါတယ် ။ Priority နဲ့ Goal တွေကို manager များအနေနဲ့ ဝန်ထမ်းတွေနဲ့အတူ အတူတကွ ချမှတ်ရမယ်။ ချမှတ်ထားတဲ့ goal တွေ ဘယ်လိုအခြေအနေရောက်နေပြီဆိုတာကိုလဲ တစ်ပတ်တိုင်း Manager check-in လုပ်ရပါမယ်။ နောက်အရေးကြီးဆုံးတချက်က work/life balance ဖြစ်အောင် HR Manager များအနေနဲ့ ဆောင်ရွက်ပေးရပါမယ် ။ Company နဲ့ ပတ်သတ်ပြီးတော့ ဝန်ထမ်းတွေအနေနဲ့ sense of ownership ဆိုတဲ့အတွေးကို ခံစားမိလာအောင်လုပ်ပေးရပါမယ် ။
ဒုတိယအချက်ဖြစ်တဲ့ Culture ကတော့ Culture of trust ကိုတည်ဆောက်ရမှာ ဖြစ်ပါတယ်။ Manager နဲ့ ဝန်ထမ်းတွေ အတူ ချမှတ်ထားတဲ့ strategy တွေ plan တွေတကယ်ရော ဒီကာလမှာ အလုပ်ဖြစ်ရဲ့လားဆိုတာကို feedback ပြန်ကောက်ရမယ် ။ နောက်ပြီး ဘယ်လို ရှေ့ဆက်သွားရမလဲဆိုတာနဲ့ပတ်သတ်ပြီး ဝန်ထမ်းတစ်ဦးချင်းစီရဲ့ idea တွေကို ထည့်သွင်းစဉ်းစားရပါမယ် ။ နောက်တချက်က ရိုးသားပါ။ Manager များအနေနဲ့ ရလဒ်ကဆိုးဆိုးကောင်းကောင်း မျှဝေပါ ။ Virtual onboarding တွေလဲ တည်ဆောက်ပေးဖို့လိုပါတယ် ။ အဲ့လိုလုပ်ပေးခြင်းဖြင့် employee တွေအချင်းချင်း knowledge sharing , experience sharing တွေကြောင့် ပိုမိုတိုးတက်သော workforce အဖြစ်သို့ အတူတကွ ပြောင်းလဲနိုင်မှာပါ။
နောက်ဆုံးအချက်ကတော့ Community ဖြစ်ပါတယ်။ အဓိကတော့ Company တွေက ဝန်ထမ်းတွေကို နားလည်ပေးခြင်း ၊ လက်ခံပေးခြင်း ၊ support ပေးခြင်းဖြင့် ခိုင်မာတဲ့ internal community ကို တည်ဆောက်နိုင်မှာပါ။ အခုလို Covid ကာလမှာ Online Community တွေ ပြုလုပ်ပြီး covid story တွေ discussion တွေကို employee အချင်းချင်း share လုပ်စေခြင်းဖြင့် ကျန်းမာရေး ဗဟုသုတလဲရသလို ကပ်ဘေးကလဲအမြန်ဆုံးလွှတ်မြောက်စေမှာပါ ။ ဝန်ထမ်းများရဲ့ soical , emotional , physical , mental wellbeing တွေကို ပိုပြီး support လုပ်ပေးခြင်းဖြင့် ပိုအားကောင်းသော work community ကိုတည်ဆောက်နိုင်ပါတယ် ။
Care , Culture , Community ဆိုတဲ့ အချက် (၃) ချက်ကို သာ အလေးပေးဆောင်ရွက်မယ် ဆိုရင် remote control လုပ်နေရတဲ့အလုပ်တွေ work from home တွေကိုပါ အရင်ကထက် ပိုပြီး အကျိုးသက်ရောက်မူ ရှိလာစေမှာပါ ။