ခေတ်စားလာမယ့် Data Analyst
Organizations တွေ၊ Company တွေဟာ Business decision တွေချဖို့၊ New Products တွေထုတ်ဖို့၊ Investment အသစ်တွေလုပ်ဖို့၊ Market အသစ်ချဲ့ထွင်ဖို့၊ Target Customer ရွေးဖို့အတွက် Data တွေကိုအားထားလာကြပါတယ်။ ဒီ Data တွေကို လိုအပ်ချက်တွေသိနိုင်ဖို့၊ ပြဿနာတွေကိုဖြေရှင်းဖို့အတွက်လည်း အသုံးပြုကြပါသေးတယ်။
အဲ့အတွက်ကြောင့် Data Analyst တွေကို လိုအပ်လာပါတယ်။ Data Analyst တစ်ယောက်ဟာ ရရှိလာတဲ့ Data တွေကို Numerical Information အဖြစ်ပြောင်းလဲပေးနိုင်ရမယ့်အပြင် Data တွေကို decisionချမှတ်တဲ့အခါ ဘယ်လိုအသုံးချရမလဲဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။
Data Analyst ဆိုတာဘာလဲ?
Data Analyst တစ်ယောက်ဟာ အဓိကအားဖြင့် ကောက်ယူရရှိထားတဲ့ Dataတွေကို Information အသွင်ပြောင်းပြီး Report ပြန်တင်ပေးရပါတယ်။ အဲ့ report ဟာ business decision တွေချဖို့၊ Business တစ်ခုတိုးတက်ဖို့အတွက်အများကြီး အသုံးဝင်ပါတယ်။ အဲ့အတွက် Data Analyst position ဟာတဖြည်းဖြည်းအခေါ်များလာတဲ့ position တစ်ခုဖြစ်လာပါတယ်။
Data Analyst တစ်ယောက်ဟာ ဘာတွေလုပ်ရလဲ?
သူလုပ်ရတဲ့ အလုပ်တာဝန်တွေကတော့ Organization ပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ အခြေခံအားဖြင့်ကတော့
- Data တွေစုဆောင်းရပါတယ်။
- ရရှိလာတဲ့ Data တွေကို Analyze လုပ်ပြီး Information အဖြစ်ပြောင်းလဲရပါမယ်။
- သက်ဆိုင်ရာ Department ကို Report ပြန်တင်ပေးရပါမယ်။
- Local, National နဲ့ Global trend ဖြစ်နေတဲ့အရာတွေကို သိထားဖို့လိုပါတယ်။
- Coding errors တွေ၊ Data-related problems တွေကိုဖြေရှင်းနိုင်ရပါမယ်။
ပညာအရည်အချင်းအနေနဲ့
Mathematics, Computer Science, Statistics, Economics တစ်ခုခုနဲ့ သက်ဆိုင်တဲ့ ဘွဲ့ရရှိထားရင်ကောင်းပါတယ်။
တခြား Skills တွေအနေနဲ့
Technical skills ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ Database Language တွေဖြစ်တဲ့ SQL, R, or Python, Spreadsheet tools တွေဖြစ်တဲ့ Microsoft Excel, Google Sheets အစရှိတဲ့ Knowledgeတွေရှိဖို့ လိုပါတယ်။
Soft skills တွေဖြစ်တဲ့ Problem solving skills, Decision making skills တွေလည်းလိုအပ်ပါတယ်။
Data Analyst အထက်မှာရှိတဲ့ Position တွေက
Senior data analyst, Data scientist, Analytics Manager, Business Analyst ဆိုပြီးအဆင့်ဆင့်ရှိပါတယ်။
Data Analyst ဖြစ်ဖို့ လိုအပ်ချက်တွေ၊ ကြိုပြင်ထားရမယ့် အချက်တွေကို သိသွားရလို့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ Digital Marketing နဲ့ Account Executive အကြောင်းတွေကိုလည်း ထပ်မံဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။