fbpx

Personal SWOT Analysis

Personal SWOT Analysis🔎

SWOT Analysis ဆိုတာကို တော်တော်များများ သိနေလောက်တယ်ဆိုတော့ ဒီတစ်ခါ Personal SWOT Analysis လေးလုပ်ကြည့်ရအောင်နော် Intern Pluserတို့ရေ။

ပုံမှာပြထားတဲ့အတိုင်း ဇယားလေးဆွဲပြီး ပထမဆုံးအနေနဲ့ Strength ကို စဥ်းစားကြမယ်။ (ကိုယ့်ရဲ့အားသာချက်က ပေါင်းသင်းဆက်ဆံရေးကောင်းတာမျိုး၊ တခုခုဆိုသင်ရလွယ်တာမျိုး စသဖြင့်ပေါ့) ✅ကိုယ်ကဘယ်အရာတွေမှာတော်လဲ❓ ဘယ်လိုအရာတွေမှာ talent ရှိလဲ❓ ကိုယ့်ရဲ့ gifted talent ကိုဘာလို့ထင်လဲ❓ လူတွေက ကိုယ့်ကိုဘယ်လိုအရာနဲ့ပတ်သက်ပြီး ချီးကျူးလေ့ရှိလဲ❓

နောက်တခုအနေနဲ့ ကိုယ့်ရဲ့ weakness တွေကိုရေးရအောင်။ (ဥပမာ- ကိုယ်ကနည်းပညာပိုင်းမှာအားနည်းတာတို့၊ လူအများရှေ့မှာ စကားမပြောရဲတာမျိုးတို့) ✅ကိုယ်ကဘယ်လိုအရာမှာ အားနည်းချက်ရှိလဲ❓ ဘယ်အရာတွေမှာ မကျွမ်းကျင်ဘူးလဲ❓ လူတွေထောက်ပြလေ့ရှိတဲ့ ကိုယ့်အားနည်းချက်ကဘာလဲ❓

Opportunities and Threats ကတော့ ကိုယ်နဲ့ဆက်စပ်နေတဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် ကိုယ့်ရဲ့အလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ပေါ်မူတည်ပြီး တွေးရမှာဖြစ်ပါတယ်။

✅Opportunities ကတော့ ကိုယ့်အနေနဲ့ ပတ်ဝန်းကျင်(သို့မဟုတ်)အလုပ်ကနေ ဘာတွေအကျိုးကျေးဇူးရနိုင်သလဲ❓ (အလုပ်မှာ ကိုယ်ကဘာတွေကို ထပ်ပြီးသင်ယူနိုင်မလဲ၊ ဘယ်လို အခွင့်အလမ်းတွေ ရနိုင်မလဲဆိုတာတွေပေါ့။)

✅Threats ကတော့ ကိုယ်သွားချင်တဲ့လမ်းကြောင်း၊ ကိုယ့်လုပ်ငန်းခွင်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံတွေ့ရနိုင်တဲ့ အတားအဆီးမျိုးပေါ့။ (ဥပမာအနေနဲ့ ပြိုင်ဖက်တွေရှိနေတာတို့၊ ကိုယ်ဘာပဲလုပ်လုပ်တိုက်ခိုက်ချင်တဲ့သူရှိနေတာတို့ပေါ့။)

🔍Personal SWOT Analysis လုပ်ပြီးပြီဆိုရင် ✔️ကိုယ့်ရဲ့ အားနည်းချက်တွေကို ဘယ်လိုပြင်ရမလဲ❓ ✔️ကိုယ်ကြုံတွေ့ရနိုင်တဲ့ အတားအဆီးတွေကိုကော ဘယ်လိုကျော်ဖြတ်ကြမလဲ❓ ✔️ကိုယ့်ရဲ့အားသာချက်တွေကို ကိုယ်ရနိုင်တဲ့ Opportunity တွေနဲ့ ရောပြီး ပိုကောင်းတဲ့အရာတစ်ခုဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ❓ ဆိုတာတွေပါ ဆက်စဥ်းစားပြီး Personal development ဖြစ်အောင်ကြိုးစားရအောင်နော်။

Leave a Comment