fbpx

သိထားသင့်တဲ့ Online Collaboration Tool များ

မင်္ဂလာပါ .. Intern Pluser တို့ရေ🤗

ဒီနေ့ Intern Pluser တို့ကို Sharing လုပ်ပေးချင်တဲ့ အကြောင်း အရာကတော့ 👉Google Collaboration Tools တွေရဲ့ အသုံးဝင်ပုံလေးတွေပါနော်။ အခုလို Digital ခေတ်ကြီးမှာဆိုရင် ကျောင်းတွေမှာရော အလုပ်ခွင်တွေမှာရော လူချင်းတွေ့စရာ မလိုဘဲ Project တွေကို အတူတကွ လုပ်ဆောင်နိုင်ဖို့ Collaboration Tools တွေကို အသုံးပြုလာကြပါတယ်။

✅Gmail

📧Gmail ကတော့ အခုခေတ်မှာ လူတိုင်း အသုံးပြုနေကြပြီနော်။ Gmail ကနေတစ်ဆင့် ကိုယ်ပို့ချင်တဲ့ သူရဲ့ Address ကိုထည့်ပြီး ဓာတ်ပုံတွေ Files တွေ ကို အလွယ်တကူပေးပို့လို့ ရပါတယ်။ Personal Account တစ်ခုစီအတွက် Storage ကို 15 GB ထိပေးထားတာမို့လို့ Files တွေလည်း အများကြီး သိမ်းထားလို့ ရတယ်နော်။

✅ Google Calendar

📅 Google Calendar ကတော့ Time Management လုပ်ဖို့ အသုံးဝင်တဲ့ Tool လေးပါနော်။ ကိုယ့်ရဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ Share ထားပြီး လုပ်ရမယ့် Tasks လေးတွေကို ထည့်ထားလိုက်မယ်ဆိုရင် အားလပ်ချိန်တွေနဲ့ အလုပ်ရှိတဲ့ အချိန်တွေကို စဉ်းစားနေစရာ မလိုဘဲ လွယ်လွယ်ကူကူ သိနိုင်ပြီပေါ့နော်။

✅ Google Sheets, Google Docs, Google Slides

📄Spreadsheets ကို ကိုယ့်ရဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တူတူ Share ပြီး Edit လုပ်ချင်တယ်ဆိုရင် Google Sheets နဲ့ အလွယ်တကူ ပြုလုပ်လို့ ရပြီးတော့ Ideas တွေ ချရေးဖို့နဲ့ စာပိုဒ်တွေကို တူတူ ရေးကြမယ်ဆိုရင် Google Docs မှာပြုလုပ်လို့ ရပါတယ်နော်။Presentation တွေပြင်ဆင်တဲ့ အခါမှာလည်း Google Slides ကိုသုံးပြီးတော့ အားလုံးတူတူလုပ်ဆောင်လို့ ရပါတယ်။ ဒီ Tools တွေကနေ တခြားတစ်ဖက်က ပြင်ဆင်နေတာကိုလည်း အချိန်နဲ့ တပြေးညီ တွေ့မြင်နိုင်တာကြောင့် အလုပ်မြန်မြန်ပြီးဖို့ အထောက်အကူပြုပါတယ်။

Intern Pluser တို့ရော ဒီထဲက Tool တွေ သုံးကြည့်ပြီးပြီလား❓ Tool တွေက သုံးရတာ လွယ်ကူတဲ့အပြင် Free လည်း ဖြစ်တာကြောင့် Intern Pluser တို့ကို သုံးကြည့်ဖို့ တိုက်တွန်းပါတယ်နော်

  • Share this post

Leave a Comment