Interview မှာကိုယ့်ကိုကိုမိတ်ဆက်ပါလို့ပြောရင် ဘယ်အချက်တွေ ပါအောင် ဖြေရမလဲ?

Interview မှာကိုယ့်ကိုကိုမိတ်ဆက်ပါလို့ပြောရင် ဘယ်အချက်တွေ ပါအောင် ဖြေရမလဲ?
Intern Pluser တို့ရေ ဒီနေ့မှာတော့ interview တိုင်းမှာ မေးလေ့ရှိတဲ့ မိမိ့ကိုယ်ကို မိတ်ဆက်ပါဆိုတဲ့ မေးခွန်းမေးလာရင် ဘယ်လို အကောင်းဆုံးပြန်ဖြေရမလဲနဲ့ ပတ်သတ်ပြီးတော့ ပြောပြပေးသွားမှာဖြစ်ပါတယ် ။
အရင်ဆုံး ဘယ်လိုပြန်ဖြေရမလဲမပြောခင်မှာ မေးခွန်းကဘာကိုမေးလဲဆိုတာကိုတော့ သေချာကွဲကွဲပြားပြားလေးသိဖို့ လိုမယ်နော်။ Interviewer ဆိုလိုချင်တာက မိမိရဲ့ personal နဲ့ ဘဝအကြောင်းတွေကို မေးတာမျိုး မဟုတ်ပါဘူးနော်။ အဓိကက ကိုယ့်မှာ ရှိတဲ့ qualification တွေ၊ skill တွေ၊ experience တွေနဲ့ ဘယ်အချက်တွေကြောင့် သင်ကဒီအလုပ်နဲ့ သင့်တော်ဆုံး ဖြစ်ပါတယ်ဆိုတာကို ဖြေပေးရမှာပဲ ဖြစ်ပါတယ်။
ဒီတော့ ဘယ်အချက်တွေပါအောင်ဖြေရမလဲ ?
ပထမဆုံးကတော့ Intern Pluser တို့ရဲ့ နာမည်၊ ကိုယ်ဘယ်ကျောင်းတွေ၊ သင်တန်းတွေ တက်နေလဲ၊ ဒါ့အပြင် အရင်ကရော အလုပ်နဲ့ပတ်သတ်ပြီးတော့ intern ဆင်းဖူးလား ဒါမှမဟုတ် မဆင်းဖူးဘူးဆိုရင်လည်း volunteer program တွေမှာလုပ်ဖူးတာတွေ အစရှိသဖြင့် extra curriculum activities အနေနဲ့ရော ကိုယ့်ဘာတွေပါဝင်ဦးဆောင်ပြီးလုပ်ခဲ့ဖူးလဲ ဆိုတာတွေကို ပြောပြရပါမယ်။
နောက်တစ်ခု အနေနဲ့ကတော့ ကိုယ်ပြောခဲ့တဲ့ အလုပ်တွေ ဒါမှမဟုတ် Program တွေမှာ company အတွက် ဘယ်လို achievement မျိုးတွေရယူပေးခဲ့လဲဆိုတာပဲ ဖြစ်ပါတယ်။
နောက်အရေးကြီးဆုံးတစ်ချက်ကတော့ ကိုယ့်လျှောက်တဲ့ Company အကြောင်းနဲ့ ခေါ်နေတဲ့ Job Position ရဲ့ duties & responsibility အကြောင်းရယ်ကို လေ့လာထားပြီး အတက်နိုင်ဆုံးထည့်ပြောပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါက Intern Pluser တွေရဲ့ impression ကို ပိုကောင်းစေသလို အလုပ်ရဖို့လဲ အခွင့်အလမ်းပိုများစေနိုင်ပါတယ်။
ဒါ့အပြင် ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေ ရှိတဲ့အတွက် ဒီ Position ကကိုယ်နဲ့ဆို ပိုသင့်တော်တယ်၊ Company အတွက်လဲ အများကြီး အကျိုးရှိအောင် ပိုလုပ်ပေးနိုင်တယ် ဆိုတာမျိုးလေးထည့်ပြောပေးခြင်းဖြင့်လည်း သူများထက် Intern Pluser တွေကို ပိုပြီး သတိထားမိစေမှာပါနော်။