Imposter Syndrome ကြောင့် အခက်တွေ့နေတုန်းလား?

ဒီနေ့မှာတော့ Intern Pluser လေးတွေကို Imposter Syndrome ဆိုတဲ့ term လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အရင်ဦးဆုံး imposter ဆိုတာ လိမ်လည်လှည့်ဖြားသူ၊ ဟန်ဆောင်သူလို့ အဓိပ္ပာယ်ရပါတယ်။
Imposter Syndrome ဆိုတာကတော့ ကိုယ့်ရဲ့အောင်မြင်မှုတွေ၊ အရည်အချင်းတွေ၊ ပါရမီတွေကို ကိုယ့်ကိုကိုယ် မယုံကြည်နိုင်ပဲ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာ မှာကိုယ့်ဟာကို အယောင်အဆောင်လို့ ထင်မှတ်ပြီး သူများတွေက သိသွားမှာကိုကြောက်စိတ်ဝင်နေတာပဲဖြစ်ပါတယ်။ ရှင်းအောင်ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ညံ့တယ်လို့ခံယူပြီး ကိုယ်ညံ့တာကို လူတွေသိသွားမှာကို ကြောက်နေတာမျိုးပါ။ အဓိကအကြောင်းအရင်းကတော့ သူတို့ကသူတို့ရဲ့အောင်မြင်မှူကို ကိုယ့်ကြောင့်လို့မထင်ဘဲ ကံကောင်းလို့ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကူညီလို့ အောင်မြင်တယ်လို့ယူဆထားလို့ပါ။
Imposter Syndrome ဆိုတာ mental disorder တစ်ခုမဟုတ်ပဲနဲ့ ပုံမှန်တွေ့ကြုံရတတ်တဲ့ ဖြစ်စဥ်တစ်ခုပါ။ ဘယ်လိုလူတွေမှာတွေ့ရတတ်လဲဆိုတော့ self-esteem နည်းပေမယ့် အောင်မြင်မှုများတဲ့သူတွေမှာတွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် နယ်ပယ်အသစ်တစ်ခုမှာ စတင်ဝင်ရောက်တဲ့အချိန်တွေမှာဖြစ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ပေးရမယ်ဆိုရင်တော့ အခုမှ freshly graduate ဖြစ်ထားတဲ့သူတွေပါ။ ကိုယ့်မှာအရည်အချင်းရှိပေမယ့် ကိုယ့်ရဲ့ self-doubt ကကိုယ့်အတွက်အခွင့်အလမ်းတွေဆီကနေ ဝေးရာကိုတွန်းပို့လိုက်တာပါ။ Imposter Syndrome က career ကိုလဲသက်ရောက်စေပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုပြသချင်တာနဲ့ပဲ အလုပ်ကို overwork ဖြစ်သွားနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ရိုးရိုးပင်ပန်းရုံတင်မဟုတ်ပဲ burnout ဖြစ်သွားတဲ့အဆင့်ကိုရောက်သွားတာပါ။
ဒီလိုအခြေအနေခံစားနေရတယ်ဆိုရင် ကိုယ့်ရဲ့ယုံကြည်မှုကို ပြန်လည်ရှာဖွေပါ။ အလုပ်တွင်းမှာယုံကြည်မှုရှာဖိုခက်ခဲနေတယ်ဆိုရင် အလုပ်ပြင်ပကနေ ယုံကြည်မှုတည်ဆောက်တာကနေ စတင်နိုင်ပါတယ်။ ပြီးရင် ဘယ်အခြေအနေမဆို ကိုယ်ဘာလုပ်ပေးနိုင်မလဲ ဆိုတာကိုပဲ အာရုံစိုက်ဖို့ ကြိုးစားပါ။ ကျန်တာတွေကို ကြောက်မနေပါနဲ့။ နောက်ဆုံးကတော့ လုပ်ငန်းခွင်မှာ ကိုယ့်စိတ်ပိုင်းဆိုင်ရာကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နိုင်မယ့် အရပ်အဝန်းမှာ ပါဝင်ပါ။