HR Story of the November

ဒီတစ်လ HR Story ကိုတော့ Intern Plus Myanmar ကနေပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Market Research တွေပြုလုပ်တဲ့ ကုမ္ပဏီတစ်ခုကိုမေးမြန်းထားတာပဲဖြစ်ပါတယ်။
(1) ပထမဆုံး အနေနဲ့ အမတို့ အဖွဲ့အစည်းလေးအကြောင်း တစ်ချက် မိတ်ဆက်ပေးပါဦးရှင့်။
ကျွန်မတို့ ကုမ္ပဏီကတော့ အဓိကက Telecom FMCG Logistic အစရှိတဲ့ ကုမ္ပဏီတွေ အတွက် Research လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုပါ။ Market ထဲမှာ ရှိတဲ့လုပ်ငန်းတိုင်းနီးပါးတိုင်းက ကျွန်မတို့ရဲ့ Client ကုမ္ပဏီတွေပါ။
(2) HR တစ်ယောက်အနေနဲ့ hiring လုပ်ပြီးပြီဆို ပုံမှန်အားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာက ဘာတွေဖြစ်မလဲရှင့်။
ကျွန်မတို့ရဲ့ ကုမ္ပဏီက Malaysia အခြေစိုက်ရုံးဖြစ်ပြီး နိုင်ငံနဲ့အဝှမ်းမှာလဲ ရုံးခွဲတွေရှိတဲ့အတွက် Recruitment Process တွေက ပုံမှန်အားဖြင့် Asia အတွက် တာဝန်ယူထားတဲ့ Malaysia ရုံးကတစ်ဆင့်ပြုလုပ်ရလေ့ရှိပါတယ်။ Malaysia ရုံးက application process ကနေမှ ကျွန်မတို့ဆီကို Candidate list ရောက်လာတဲ့အတွက် CV Screening အတွက်အခက်အခဲသိပ်မရှိပေမယ့် Recruitment Process အချိန်ကြာတာကတော့ ပုံမှန်ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုပါ။
(3) အခုလက်ရှိ အနေနဲ့ recruitment လုပ်တဲ့အချိန်မှာ ကြုံနေရတဲ့ အခက်အခဲဆိုရင်ရော ဘာတွေဖြစ်နေလဲ မသိဘူးရှင့်။
လက်ရှိမှာတော့ ကိုဗစ်ဖြစ်သွားတဲ့ Recruitment Process တွေအားလုံးကို ရပ်နားထားရပါတယ်။ နောက်နှစ် မတ်လလောက်အထိရပ်ထားဖို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့က ၂၀၂၀ အတွက် Project အသစ်တွေရှိနေတဲ့အတွက် ဝန်ထမ်းအသစ်တချို့ကိုမဖြစ်နေခန့်ရမယ့်အခြေအနေမျိုးတွေရှိတဲ့အတွက် Head Office နဲ့တိုင်ပင်ပြီး တကယ်ကိုလိုအပ်ပြီး မဖြစ်မနေခန့်အပ်ရမဲ့သူမျိုးတွေကို အလုပ်ခန့်ရတဲ့အခြေအနေမျိုးတွေရှိပါတယ်။ ဝန်ထမ်းလိုအပ်တဲ့ အခက်အခဲလေးတွေရှိနေတာမျိုးပေါ့။
(4) HR တစ်ယောက်အနေနဲ့ အလုပ်လျှောက်တဲ့သူတွေကို ဘယ်လို skills တွေ ရှိထားစေချင်လဲ မသိဘူးရှင့်။
ပုံမှန်အားဖြင့် အခြား ကုမ္ပဏီတွေအတွက် အလုပ်လျှောက်သူများနိုင်ပေမယ့် ကျွန်မတို့လို Research Company တွေအတွက် ဝန်ထမ်းရှာရတာအခက်အခဲရှိပါတယ်။ အဓိကကတော့ ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ Research အပိုင်းကို ကျွမ်းကျင်တတ်မြောက်ပြီး Technical Skills ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေရှားတာကတစ်ပိုင်းနဲ့ နောက်တစ်ချက်ကတော့ Company Policy အရ Client Company ရဲ့ ဝန်ထမ်းတွေကို ကိုယ့် Company မှာ အလုပ်လျှောက်ဖို့ ခေါ်ခွင့်မရှိတဲ့အတွက်ပါ။ဒီတော့ ဝန်ထမ်းရှားတဲ့အပြင် ဝန်ထမ်းတွေမှာ Technical Skills မပါလာတာပါ။ ကျွန်မအနေနဲ့ကတော့ အလုပ်လျှောက်သူတစ်ယောက်မှာ Technical Skills မပါလာရင်Training တွေပေးလို့ရတဲ့အတွက် English ကောင်းကောင်းပါလာပြီး အလုပ်ကိုကြိုးစားသင်ယူချင်တဲ့ Positive Attitude လေးပါလာရင်အဆင်ပြေတယ်လို့ ယူဆပါတယ်။
(5) ကျွန်မတို့ အခု Work From Home လုပ်နေရတဲ့ကာလမှာ employee တွေအနေနဲ့ အများဆုံးကြုံတွေ့နေရတဲ့ အခက်အခဲဆို ဘာများဖြစ်နေလဲ မသိဘူးရှင့်။
Work From Home ကာလကတကယ်တော့ တော်တော်လေး အခက်အခဲဖြစ်စေပါတယ်။ ဝန်ထမ်းအသစ်တွေကို ပုံမှန် ရုံးမှာဆိုရင်တော့ Onboarding Process လုပ်ရတာအဆင်ပြေနိုင်ပေမယ့် အခုလိုကာလမှာတော့ တော်တော်လေးအခက်အခဲဖြစ်စေပါတယ်။ အဓိကက ဝန်ထမ်းအသစ်တွေက Organization culture ကိုကောင်းကောင်းမသိဘူးဖြစ်တာမျိုးပေါ့ အဲဒီအတွက်အမတို့အနေနဲ့ အဆက်အသွယ်မပြတ်ရအောင် ျင်းမသွားအောင် Meeting တွေကို Zoom ကနေတစ်ဆင့် လုပ်ပြီး တတ်နိုင်သလောက်ဆက်သွယ်အလုပ်လုပ် နိုင်အောင်စီစဥ်ပေးထားပါတယ်။
(6) နောက်ဆုံးအနေနဲ့ ဒီကာလမှာအလုပ်လျှောက်ဖို့ပြင်ဆင်နေသူတွေကိုကောဘာများအကြံပြုချင်သလဲရှင့်။
ဒီနေ့ခေတ်အလုပ်လျှောက်ကျတဲ့လူငယ်တွေက တက်ကြွတယ် လုပ်ချင်ကိုင်ချင်စိတ်ရှိကြတယ် ဒါပေမယ့် Short Term Solution တွေကိုအမြဲရှာကြတယ်။ အလုပ်တစ်ခုကို ဝင်ပြီး ရင် နှစ်နှစ်လောက်အလုပ်လုပ်ပြီးရင် ရာထူးတိုးချင်တယ် ဒါမှမဟုတ် အလုပ်ပြောင်းချင်ကြတယ်။ အလုပ်ကို တစ်နှစ် နှစ်နှစ်လောက်လုပ်ရုံနဲ့ Industry တစ်ခုမှာ Expert မဖြစ်နိုင်သေးဘူး ကျွန်မဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ 10000 Hours Rule ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ အဲဒီမှာ စာရေးဆရာပြောထားတာက လုပ်ငန်းတစ်ခုမှာကျွမ်းကျင်ဖို့အတွက် နာရီ တစ်သောင်းလောက် အသုံးပြုခဲ့မှ အဲဒီအလုပ်ရဲ့ Foundationကို ကောင်းကောင်းတတ်မြောက်သွားပြီး နောက်မှာတော့ ရာထူးတစ်ဆင့်တစ်ဆင့်တက်ဖို့လွယ်မှာဖြစ်ပါတယ်။ အဲဒီအတွက်လူငယ်တွေကို အလွယ်လမ်းမလိုက်ဖို့ အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ဖို့ပြောလိုပါတယ်။