HR Story for December

Intern Plus Myanmar ရဲ့ HR Story လေးကတော့ HR တွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ အခွင့်အလမ်းတွေအပြင် ကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းတွေကို အချင်းချင်း မျှဝေသိရှိနိုင်မယ့် ရည်ရွယ်ချက်လေးနဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်လ HR Story ကိုတော့ Intern Plus Myanmar ကနေပြီး house hold service တွေပြုလုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုကိုမေးမြန်းထားတာပဲဖြစ်ပါတယ်။
(1) ပထမဆုံး အနေနဲ့ အကိုတို့ အဖွဲ့အစည်းလေးအကြောင်း တစ်ချက် မိတ်ဆက်ပေးပါဦးရှင့်။
ဟုတ်ကဲ့….. ကျွန်တော်တို့ Company က house hold services တွေပြုလုပ်ပေးတဲ့ company ပဲဖြစ်ပါတယ်။ အဓိကအားဖြင့် h-sတွေနဲ့ပတ်သတ်ပြီး customer တွေနဲ့ တစ်ဖက်က ယုံကြည်စိတ်ချရပြီး အရည်အသွေးပြည့်မှီတဲ့ ဝန်ဆောင်မှုပေးနေတဲ့လူတွေကို ချိတ်ဆက်ပေးပြီး ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ Companyကို လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က စတင်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ ပုံမှန်အတိုင်း လည်ပတ်ဖို့ ပြန်ပြီး ပြုလုပ်နေတာပဲဖြစ်ပါတယ်။
(2) HR တစ်ယောက်အနေနဲ့ hiring လုပ်ပြီးပြီဆို ပုံမှန်အားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာက ဘာတွေဖြစ်မလဲရှင့်။
ကျွန်တော်တို့ company က startup company တစ်ခုဖြစ်တာနဲ့အညီ hiring တစ်ခုလုပ်ပြီးပြီဆို များသောအားဖြင့် ကြုံတွေ့ရတာက ဝင်လာတဲ့ တစ်ချို့ employee တွေက ကျွန်တော်တို့ startup လုပ်ငန်းစုတွေရဲ့ သဘောသဘာဝနဲ့ သူတို့နဲ့အံဝင်ခွင်ကျ သိပ်မဖြစ်တာမျိုးတွေပါ။
(3) အခုလက်ရှိ အနေနဲ့ recruitment လုပ်တဲ့အချိန်မှာ ကြုံနေရတဲ့ အခက်အခဲဆိုရင်ရော ဘာတွေဖြစ်နေလဲ မသိဘူးရှင့်။
Recruitment နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ အတွေ့အများဆုံးအရာက တစ်ချို့ junior applicant လေးတွေက သူတို့လျှောက်တဲ့အလုပ်နဲ့ပတ်သတ်ပြီး တကယ်စိတ်ဝင်စားလို့လုပ်တယ်၊ လျှောက်တယ်ဆိုတာထက် ဒီတိုင်း အလုပ်တစ်ခုလိုနေလို့ လျှောက်တဲ့ပုံစံလိုဖြစ်နေတာပါ။ ဒီအလုပ် position နဲ့ပတ်သတ်ပြီး စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှုမရှိ ဖြစ်နေတာမျိုးပါ။
(4) HR တစ်ယောက်အနေနဲ့ အလုပ်လျှောက်တဲ့သူတွေကို ဘယ်လို skill တွေ ရှိထားစေချင်လဲ မသိဘူးရှင့်။
ကျွန်တော်တို့ လုပ်ငန်းပိုင်းမှာတော့ အလုပ်လုပ်ရင် အပြင်မှာသွားတွေ့ ကွင်းဆင်းပြီးလုပ်ရတာမျိုးထက် technical ကိုအသုံးပြုပြီး customer တွေနဲ့ရော တစ်ဖက်က service provider တွေနဲ့ပါ ပြောဆိုဆက်ဆံရတာ များပါတယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်ငန်းအနေနဲ့ဆို ဝင်လာမယ့်သူတွေက technical skill တော့ မဖြစ်မနေရှိဖို့လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ လုပ်ငန်းအတွက်ပဲ မဟုတ်ဘဲ အခုခေတ်မှာ လုပ်ငန်းတိုင်း မဖြစ်မနေလိုအပ်နေတဲ့ skill လို့လဲမြင်ပါတယ်။ နောက်တစ်ခုကတော့ ပေါင်းသင်းဆက်ဆံမှုနဲ့ ပင်ကိုစရိုက်ပဲဗျ။ ဒါကလည်း ကျွန်တော်တို့လုပ်ငန်းခွင်ထဲရောက်ပြီဆို အချင်းချင်း ထားသင့်တဲ့ respect တွေ၊ ပြီးရင် အခြေအနေတစ်ခုကို သူဘယ်လိုတုံ့ပြန်မလဲ ဖြေရှင်းမလဲဆိုတာတွေ အများကြီး အရေးပါပါတယ်။
(5) ကျွန်မတို့ အခု Work From Home လုပ်နေရတဲ့ကာလမှာ employee တွေအနေနဲ့ အများဆုံးကြုံတွေ့နေရတဲ့ အခက်အခဲဆို ဘာများဖြစ်နေလဲ မသိဘူးရှင့်။
WFH အနေနဲ့ လုပ်နေရတဲ့အခါမှာ ကျွန်တော်တို့ ကြုံတွေ့ရတဲ့အခက်အခဲတွေကတော့ အပြင်မှာတွေ့ပြီး လုပ်ရတဲ့အလုပ်တွေ ကြန့်ကြာသွားခြင်းပဲဖြစ်ပါတယ်။ ဥပမာဆို ကျွန်တော်တို့ outdoor marketing activitie တွေနဲ့ client meeting တွေပါ။ ဘာလို့ဆို ကျွန်တော်တို့ meeting တွေကို online ကနေ လုပ်လို့ရတာဟုတ်ပေမယ့် တစ်ချို့ client meeting တွေက အပြင်မှာ မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးတာက ပိုပြီးထိရောက်သလိုမျိုးပေါ့။
(6) အခုအချိန်မှာဆိုရင် COVID က လုပ်ငန်းတော်တော်များများကို ရိုက်ခတ်သွားစေတယ်ပေါ့နော်။ ဒါနဲ့ပက်သတ်ပြီး အမတို့ Organization အနေနဲ့လည်း ဘယ်လိုများကိုင်တွယ်နေလဲ မသိဘူးရှင့်။
ကျွန်တော်တို့ company ကတော့ အခုမှာလည်း Work From Home အနေနဲ့ လုပ်ကိုင်နေပါတယ်။
HR story မှာ နောက်ဆုံးမျှဝေချင်တာကတော့ ကျွန်တော်တို့ HR တွေအနေနဲ့ လူရွေးချယ်တာမှာ အများဆုံးကြုံနေရတဲ့ problem ကတော့ ခေါ်ထားတဲ့ position တွေနဲ့ပတ်သတ်ပြီး တကယ်ကို passionate ဖြစ်တဲ့ employee တွေရဖို့ ခက်ခဲနေတာပဲဖြစ်ပါတယ်။