fbpx

Stress တွေရှိလာတိုင်း ​လျှော့ချပြစ်ဖို့ ခက်ခဲ​နေတုန်းလား?

Stress တွေရှိလာတိုင်း ​လျှော့ချပြစ်ဖို့ ခက်ခဲ​နေတုန်းလား❓

Intern Pluser တို့​ရေ စိတ်ပင်ပန်းလို့ဖြစ်ဖြစ် လူပင်ပန်းလို့ဖြစ်ဖြစ် လူ​တွေက အနည်းနဲ့အများ​တော့ stress ရတတ်ကြပါတယ်။ ဒီ stress ​တွေကို ​လျှော့ချမပြစ်ဘူးဆိုရင် ကျန်းမာ​ရေးလည်းမ​ကောင်းသလို အလုပ်လုပ်ရာမှာလည်း အ​နှောက်အယှက်ဖြစ်နိုင်ပါတယ်​နော်။ ဒီ​နေ့မှာ​တော့ Stress ​တွေကို ဘယ်လို ​လျှော့ချပြစ်လို့ ရမလဲဆိုတဲ့ tips & tricks ​တွေကို​ပြောပြ​ပေးသွားမှာဖြစ်ပါတယ်။

♦️သူငယ်ချင်း​တွေကို ရင်ဖွင့်ပါ။ Stress ​တွေအရမ်းပိလာပြီဆိုရင် တစ်​ယောက်​ယောက်ကို ဖုန်း​ခေါ်ပြီးကိုယ့်ရဲ့ ပြသနာ​တွေကို​ပြောပြီး ရင်ဖွင့်လိုက်တာက စိတ်ကို​ပေါ့ပါးသွား​စေပါတယ်။ တစ်ခါတစ်ရံ သင့်သူငယ်ချင်း​တွေဆီက အကြံဥာဏ်​ကောင်း​တွေ​တောင် ရနိုင်ပါ​သေးတယ်။ စိတ်ညစ်လာပြီဆိုသူငယ်ချင်း​တွေကို မ​မေ့နဲ့​နော်။

♦️ကိုယ်ကိုယ်ကို ရင်ဖွင့်ပါ။ နည်းနည်း​တော့ ထူးဆန်းတယ်ထင်နိုင်​ပေမယ့် တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို စကား​ပြော​ပေးတာက စိတ်ပင်ပန်းတာ​​​တွေကို ​လျှော့ချ​ပေးနိုင်ပါတယ်။ သင့်အ​ကြောင်းကို အသိဆုံးက သင်ကိုယ်တိုင်မို့လို့ပါပဲ။

♦️သီချင်းနား​​​ထောင်ပါ။ 🎵 “Music is the shorthand of emotion” ဖြစ်တဲ့အတွက် ဂီတသံစဥ်​တွေမှာ စီး​​​မျောတာ​ဟာ သင့်ရဲ့ stress ​တွေကို ​လျှော့ချ​ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

♦️Exercise လုပ်ပါ။ ​လေ့ကျင့်ခန်းလုပ်တယ် ဆိုတဲ့​နေရာမှာ gym သွားတာတို့ marathon ​ပြေးတာတို့ စတဲ့ ပြင်းထန်တဲ့​လေ့ကျင့်ခန်း​တွေမှ မဟုတ်ပါဘူး။ မျက်​စိတစ်ခဏ​လောက်မှိတ်ပြီး အသက်အကြာကြီးရှုသွင်းကြည့်တာမျိုး၊ မျက်စိ​လေ့ကျင့်ခန်းလုပ်တာမျိုး၊ ​ယောဂကျင့်တာမျိုးကလည်း သင့် stress ​တွေကို ​​လျော့ကျ​စေနိုင်ပါတယ်။🤩

ဒီအချက်​လေး​တွေက Intern Pluser တွေ stress relief လုပ်ရမှာ အ​ထောက်အကူဖြစ်​စေဖို့ ​မျှော်လင့်ပါတယ်​နော်။

  • Share this post

Leave a Comment