fbpx

လုပ်ငန်းခွင်စမဝင်ခင် အတွေ့အကြုံ ဘယ်လိုရှာမလဲ?

အတွေ့အကြုံ မရှိသေးဘဲ လုပ်ငန်းခွင်စဝင်ဖို့ ဒါတွေပြင်ဆင်ထားဖို့ လိုမယ်နော်👇👇

🔸အလုပ်ခန့်တဲ့အခါ လျှောက်ထားသူရဲ့ အတွေ့အကြုံကို ကြည့်ပြီး ခန့်ကြတာကို အားလုံး သိပြီးသားဖြစ်ကြမှာ။ ဒီလို အတွေ့အကြုံကို ဦးစားပေးကြတဲ့ ခေတ်မှာ ကျောင်းပြီးကာစ ကျောင်းသားကျောင်းသူတွေအနေနဲ့ လုပ်ငန်းခွင်မဝင်ခင် ပြင်ဆင်ရမှာလေးတွေရှိတယ်။

🔸ဒါကတော့ ကိုယ် အလုပ်မလျှောက်ခင် Portfolio ရှိထားဖို့ပါ။ ဥပမာ ✔️ကိုယ်က ကျောင်းမှာ ကျောင်းသားခေါင်းဆောင်လုပ်ဖူးတာ၊ ✔️ကျောင်းရဲ့ ပွဲတွေအတွက် တာဝန်ယူစီစဉ်ပေးဖူးတာ၊ ✔️NGO အဖွဲ့အစည်းတွေမှာ ပရဟိတ project လေးတွေ လုပ်ဖူးတာ ဒါတွေကလည်း ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ အတွေ့အကြုံတွေပါပဲ။

🔸အခုဆိုရင် internplus.com.mm မှာလည်း Internship ဆင်းရင်း အတွေ့အကြုံယူလို့ရပါတယ်။ ဒီလိုနည်းတွေနဲ့ အတွေ့အကြုံယူတာအပြင် အလုပ်ရှင်တွေ မျက်စိကျမယ့် CV Form ရေးနည်းတွေ၊ Remote working အတွက် လိုအပ်တဲ့ အခြေခံ tech skill တွေ၊ Digital Age ဖြစ်တဲ့အတွက် အခြေခံ Digital Literacy တွေကို နားလည်ထားဖို့လည်း လိုပါသေးတယ်။

🔸ကိုယ်က ကျောင်းတက်နေရင်း အခုပြောသွားတဲ့ အချက်တွေကို သိနားလည်ထား၊ လေ့လာပြင်ဆင်ထားမယ်ဆိုရင်တော့ ကျောင်းပြီး ဘွဲ့ရတဲ့အခါ အတွေ့အကြုံရှိမှ ခေါ်တဲ့ အလုပ်မျိုးတွေကို ရဖို့ က မခက်ခဲတော့ပါဘူး။

📝အလုပ်လျှောက်ထားတဲ့ မောင်လေး၊ညီမလေးတွေလည်း စိတ်အားမငယ်ဘဲ ကိုယ်မှာ လိုအပ်နေတဲ့ skill တွေကို ဖြည့်ဖို့ လေ့လာစရာရှိတာလေ့လာရင်း ဆက်ကြိုးစားကြဖို့ Intern Plus Team က 💪အားပေးစကားပြောပါရစေ။

  • Share this post

Leave a Comment