Email နဲ့ Gmail ဘာကွာလဲ?
ခုချိန်မှာ E-Mail ပို့လိုက်ပါဦးဆိုတာနဲ့ Gmail ကို ကောက်ဖွင့်ကြမှာသေချာတယ်ဗျ။ ဒါလည်းမထူးဆန်းပါဘူး ခုချိန်မှာ မြန်မာပြည်မှာ နံပါတ်တစ် လူသုံးအများဆုံး Email Service က Gmail ဖြစ်နေတာမလား။
Email ဆိုတာ Electronic Mail ရဲ့အတိုကောက်စာလုံးလေးပါပဲ။
စာကို Mail လို့ခေါ်တယ်ဆိုရင် ကွန်ပျူတာ မိုဘိုင်းလ်ဖုန်း တက်ဘလက် စတဲ့ Electronic Device တွေအချင်းချင်း အင်တာနက်ကတစ်ဆင့်ပို့တာကျတော့ Email ဖြစ်သွားတာပေါ့။
မိုင်ပေါင်းကုဋေဝေးလည်း စက္ကန့်ပိုင်းအတွင်းရောက်တဲ့ စာပို့စနစ်က Email ပဲပေါ့ဗျာ။
ဟိုးအရင်တုန်းကတော့ Email ဆို စာတွေပဲပို့လို့ရခဲ့တာဖြစ်ပေမယ့် ခုနောက်ပိုင်းကျတော့ ပုံတွေ ဗီဒီယိုလေးတွေပါ တွဲပို့လို့ရနေပါပြီ။

ဒါဆို Electronic Mail ဆိုတာ Email, Google ကုမ္ပဏီကထုတ်လိုက်တော့ Google Mail အတိုကောက်ပြောတော့ Gmail ဖြစ်သွားတာ တကယ်ကဒါလေးပဲကွာတာပါ။
ဘယ်ကုမ္ပဏီကပဲသုံးသုံး Electronic စနစ်ကိုသုံးထားတာဖြစ်လို့ Yahoo! လည်း Email, Outlook လည်း Email, Google လည်း Email အကုန်လုံးက တူတူပါပဲ။
Gmail မှာကျ အသုံးဝင်တဲ့ Feature လေးတွေစုံတော့ လူသုံးအရမ်းများတယ်ဆိုပေမယ့် တခြားဟာတွေလည်း သူ့အားသာချက်နဲ့သူတော့ ရှိပါတယ်။
နောက်ဆုံးချုပ်ရရင်တော့ဗျာ Email ပို့လိုက်ပါဆိုရင် Gmail၊ Yahoo! Mail၊ Outlook Mail စတဲ့ တခြားကိုယ်ကြိုက်ရာ Email Service နဲ့ပို့လို့ရပါတယ်ဆိုတဲ့ သဘောပါ။
ဒါဆို Email နဲ့ Gmail သိလောက်ပြီဆိုတော့ InternPlus မှာ Register လုပ်တဲ့အချိန် Email တောင်းရင် ဘာထည့်ရမလဲ သိပြီပေါ့။
အဲဒီ Email Address က အလုပ်ရှင်က ဆက်သွယ်နိုင်တာမို့ နေ့စဉ် Email စစ်တဲ့ အလေ့အထ ကိုလဲ လေ့ကျင့်ဖို့ တိုက်တွန်းလိုက်တယ်နော်….
InternPlus မှာ အကောင့်ဖွင့်မယ်ဆိုရင်တော့ Email အကောင့်တစ်ခုလိုအပ်မှာဖြစ်ပြီးတော့ ပထမဆုံးအကြိမ် Sign Up ပြုလုပ်ရမှာပါ။ ဒီကနေ တစ်ဆင့် Sign Up ပြုလုပ်လို့ရပါတယ်။ ပြုလုပ်ပြီးသားလူတွေကတော့ Login ဝင်ပြီးအသုံးပြုရုံပါပဲ။