fbpx

Diversity in Our Environment

Diversity in Our Environment

Intern Pluser တို့ အလုပ်ခွင်ထဲမှာ ဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ကိုယ်နဲ့ လူမျိုး၊ ဘာသာမတူတဲ့သူတွေ Culture မတူတဲ့သူတွေ အသက်အရွယ်ကွာခြားလွန်းတဲ့သူတွေနဲ့ အတူတူ ပြောဆိုဆက်ဆံဖူးကြမှာပါနော်။ အဲ့လိုအချိန်တွေမှာ ဆိုရင် သူတို့နဲ့ အယူအဆတွေ ထင်မြင်ချက်တွေ ကွဲလွဲနေတာတွေလည်း ကြုံရဖူးမှာပါ။

များသောအားဖြင့် လူတွေက သူတို့ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူနေမှု ပုံစံအတိုင်း ကျင့်သုံးပြီး အသားကျနေကြတတ်ပါတယ်။ သူတို့နဲ့ မတူညီတဲ့ လူနေမှုပုံစံတွေ အယူအဆတွေကို တွေ့မြင်ရတဲ့အခါမှာ လက်ခံပေးဖို့ ခက်ခဲလာတတ်ကြပါတယ်။ Intern Plusers တို့ အနေနဲ့ အဲ့လို အခြေအနေတွေနဲ့ ကြုံလာရတဲ့ ဘယ်လို Handle လုပ်ရမလဲဆိုတာကို အကြံပေးဖော်ပြသွားပါမယ်နော်။

✅ Communication

အထူးသဖြင့် ကိုယ်နဲ့ မတူညီတဲ့နေရာဒေသက လာတဲ့သူတွေနဲ့ဆိုရင် Communication က ရှင်းလင်းပြတ်သားနေဖို့ လိုပါတယ်နော်။ ရိုးရိုးရှင်းရှင်းနဲ့ ရှုပ်ထွေးတဲ့ စကားလုံးတွေကို မသုံးပဲနဲ့ ဆိုလိုရင်းကိုပဲ အဓိကပြောပေးတာက နှစ်ဖက်လုံးအတွက် နားလည်ရ လွယ်ကူမှာပါနော်။

✅ Do Not Stereotype

လူတစ်ဦးချင်းစီကို သူတို့ရဲ့ ဖြစ်တည်မှုအတိုင်း အသိအမှတ်ပြုပေးပါနော်။ အပြင်ပန်းပုံသဏ္ဍာန်ကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးကို မလုပ်ပါနဲ့။ အရင်ဆုံးသူတို့နဲ့ စကားပြောကြည့်ပြီးဖြစ်စေ အလုပ်တူတူတွဲလုပ်ပြီးမှ ဖြစ်စေ သူတို့ရဲ့ စိတ်နေသဘောထား အမှန်ကို သိနိုင်မှာပါနော်။ “ဒီလိုလူမျိုးက ဒီလိုဟာတွေလုပ်မှာပဲ” ဆိုတဲ့ အတွေးမျိုးတွေက မှားယွင်းတတ်ပြီး စိတ်သဘောထား ကွဲလွဲမှုကို ဖြစ်စေနိုင်ပါတယ်။

✅ Find Common Ground

သူ့ဘက်က အမြင်ကို လည်း သေချာသိပြီးပြီ ကိုယ့်ဘက်က အမြင်ကိုလည်း သေချာပြောဆိုရှင်းပြပြီးပြီဆိုရင် ၂ ဦး ၂ ဖက်လုံးနဲ့ အဆင်ပြေမယ့် Common Ground တစ်ခုကို သတ်မှတ်ကြရပါမယ်နော်။

✅ Respect

အရေးအကြီးဆုံးကတော့ အပြန်အလှန်လေးစားမှုရှိဖို့ပါနော်။ ကိုယ်နဲ့ Culture တွေ မတူလည်းပဲ တခြားသူတွေရဲ့ Culture ကိုလေးစားပေးရပါမယ်။ သူတို့ရဲ့ ကိုးကွယ်ယုံကြည်ရာတွေကိုလည်း လေးစားမှုပြသပေးရပါမယ်နော်။ အဲ့ဒါအပြင်ကို လူတစ်ဦးချင်းစီက ဖြစ်တည်မှု မတူညီကြတာကြောင့် သူတို့ရဲ့ ဖြစ်တည်မှုတွေကို လက်ခံပေးပြီး ပြောဆိုဆက်ဆံပေးတာ အကောင်းဆုံးပါ။

👉ဒီလိုဆိုရင်တော့ Intern Plusers တို့ ပတ်ဝန်းကျင်မှာရော အလုပ်ခွင်မှာပါ ကိုယ်နဲ့ လူမျိုး၊ ဘာသာမတူတဲ့သူတွေ Culture မတူတဲ့သူတွေ အသက်အရွယ်ကွာခြားလွန်းတဲ့သူတွေနဲ့ Relationship ကောင်းကောင်းတည်ဆောက်နိုင်ကြမှာပါနော်။

  • Share this post

Leave a Comment