Digital Literacy ဆိုတာ ဘာလဲ?

Digital Literacy ဆိုတာ ဘာလဲ?
=====
Digital Age မှာ အရေးကြီးဆုံးက Digital Literacy ကို သေချာနားလည်ဖို့ပါ။ Internet ကိုသုံးပြီး Online ပေါ်မှာ အကျိုးရှိတဲ့ အချက်အလက်တွေကို ဖန်တီးရှာဖွေအသုံးချနိုင်တဲ့ skill မျိုးကိုဆိုလိုတာပါ။
ပြီးတော့ နည်းပညာရေစီးကြောင်းနဲ့လိုက်ပြီး တီထွင်လိုက်တဲ့ နည်းပညာတွေကို နားလည်သိရှိထားတာမျိုးလည်းဖြစ်ပါတယ်။ ဒါတွေကို သိရှိနားလည် အသုံးချနိုင်ပြီဆိုရင် ကိုယ်လုပ်မယ့် အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ ပိုမိုပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်လို့ပါ။
သူငယ်ချင်းတွေကစလို့ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအထိ stay in touch ဖြစ်ဖို့ digital platform တွေကို အသုံးပြုနေရတာဖြစ်တဲ့အတွက်ကြောင့် Digital Literacy နဲ့ ပတ်သတ်တာတွေကို ပိုမို သိနားလည်ထားဖို့လိုပါတယ်။
အခုခေတ်မှာ အပျော်အပါးကစလို့ အလုပ်ရှာဖွေတာအဆုံး Website လို Digital Tool တွေကိုအသုံးပြုနေရတာဖြစ်ပါတယ်။ အလုပ်ခွင်ထဲမှာဆိုလည်း G Suite, Slack, Outlook စတဲ့ Tools တွေကိုသုံးပြီး Team Member တွေနဲ့ ချိတ်ဆက်အလုပ်လုပ်ရတာလည်းဖြစ်တော့ ကိုယ့်အနေနဲ့ technology ပိုင်းတွေကို သိရှိနားလည်ထားတာက ပိုပြီးအကျိုးရှိစေမှာပါ။
လုပ်ငန်းခွင်ဝင်မယ့် မောင်လေး၊ ညီမလေးတို့ရော ကျောင်းတက်နေတဲ့ မောင်လေး၊ ညီမလေးတို့ရော Digital Literacy ကို သိရှိနားလည်ထားဖို့နဲ့ Technology ကိုကောင်းကောင်း အသုံးချတတ်ဖို့ လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။