fbpx

Deadline တွေမကျော်အောင်

Deadlines တွေမကျော်အောင်🚫 ========

ကျောင်းမှာဖြစ်ဖြစ်,အလုပ်မှာဖြစ်ဖြစ် deadline တွေ​ကို အချိန်မှီ​အောင် ရုန်းကန်ရဖူးလား❓ အဲ့လိုအဖြစ်မျိုး​ တွေမကြုံရ​အောင်ဘာ​တွေလုပ်ရမလဲ❓

👉အရင်ဆုံးသိရမှာက​တော့ ကိုယ့် Deadline မမှီတာကို ပြင်ပအ​နှောက်အယှက်​တွေကို အပြစ်တင်လို့မရပါဘူးနော်။ ဘယ်​လောက်ပဲ email တွေများ​နေပါ​စေ၊ meeting တွေများ​နေပါ​စေပါ။ Deadline miss တယ်ဆိုတာက Plan လုပ်တည်းကတည်းကလိုအပ်ချက်​လေး​တွေရှိလို့ပါ။ Weekly planning လုပ်​နေတုန်းက​တော့ Deadline တွေကို ဝေးတယ်လို့ခံစားရပြီး ကိုယ့်ကိုထိန်းချုပ်နိုင်တယ်လို့သတ်မှတ်ကြပါတယ်။ အကျိုးဆက်က​တော့ အလုပ်​​တွေက deadline နီးပြီး လျစ်လျူရှုလို့မရ​တော့တဲ့အ​​ခြေအ​နေမှလုပ်တာ​တွေဖြစ်လာပါတယ်။ အဲ့တာ​ကြောင့် deadline တွေကိုမလွတ်​အောင်

1️⃣ 3-day week plan လေးလုပ်ကြည့်ပါ။ တစ်ပတ်မှာ Monday က​နေ Wednesday ကို အ​ရေးကြီးပြီး ခက်ခဲတဲ့အလုပ်​တွေကိုထည့်ထားပါ။ Thursday နဲ့ Friday မှာဆိုရင်​တော့ ပေါ့​ပေါ့ပါးပါးရှိတာ​​လေး​တွေလုပ်ပါ။ အဲ့နှစ်ရက်မှာ မ​မျှော်လင့်ဘဲလုပ်ရတဲ့အလုပ်​တွေလုပ်ဖို့အချိန်ထွက်လာပါလိမ့်မယ်။ ဒီနည်းက​တော့ deadline stress ကို​လျှော့ချ​ပေးနိုင်ပါလိမ့်မယ်။

2️⃣ Deadline planning အတွက် application တွေသုံးကြည့်ပါ။ Deadline application ​တွေမှာ ကိုယ့်ရဲ့ official deadline မတိုင်ခင် စောပြီး​တော့ deadline ကို set လုပ်ထားပါ။ Applications တွေက ကိုယ့်ရဲ့ Task တွေကို ဘယ်ဟာအရင်လုပ်သင့်တယ်၊ Deadline Reminder တွေကိုလဲ notify လုပ်​ပေးပါတယ်။ Example အ​နေနဲ့ဆို Task Manager၊ Easynote၊ Trello ၊ Monday.com ၊ Accelo တွေကိုသုံးလို့ရပါတယ်။

3️⃣ နောက်ဆုံးက​တော့ လုပ်​နေရင်းနဲ့ လက်​လျှော့ လိုက်တာ​တွေမဖြစ်​အောင် ကိုယ့်ရဲ့ commitment ကိုလူသိရှင်ကြား​ ကြေညာထားပါ။ ကိုယ့် deadline ကို Team Leader မဟုတ်ရင် ကိုယ့်လုပ်​ဖော်ကိုင်ဖက်ကို​ပြောထားပါ။ ကိုယ့် commitment ကိုကိုယ်တစ်​ယောက်တည်းသာသိရင် deadline မမှီလဲဘယ်သူမှမသိပါဘူး။ အခုလို တခြားသူ​ကို​ပြောထားတာဟာ ကိုယ်မမှီရင် ကိုယ့်အတွက်မျက်နှာပူစရာဖြစ်လာနိုင်ပါတယ်။

💁‍♀️ကဲ အခုလို Deadline တွေကိုမကျော်အောင် နည်းလမ်းကောင်းလေးတွေကို ဝေမျှပြီးပြီဆိုတော့ Intern Pluser တို့လဲ နောက်လုပ်ရမယ့် Homework, Assignment, Task တွေကို အောင်အောင်မြင်မြင်နဲ့ Deadline မတိုင်ခင်မှာ ရလဒ်ကောင်းတွေနဲ့ ကြိုတင်ပြင်ဆင်နိုင်ကြမယ်လို့ယုံကြည်ပါတယ်‌နော်။

  • Share this post

Leave a Comment