fbpx

လူငယ်တွေလုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေအောင်မြင်နိုင်တဲ့ အချက်က ဘာလဲ?

လူငယ်တွေလုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေအောင်မြင်နိုင်တဲ့ အချက်က ဘာလဲ❓

လူငယ်အများစုဟာလုပ်ငန်းခွင်ရောက်ပြီဆိုတာနဲ့ အဆင်ပြေသွားမှာဆိုပြီး ယုံကြည်တတ်ကြတယ်၊ တကယ့်လက်တွေ့ မှာတော့ တစ်ခါတရံ လူမှုဆက်ဆံရေးအဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အလုပ်ကာလအတိုအတွင်း အလုပ် ထွက်တတ်ကြပါတယ်။အလုပ်တစ်ခုပြီးတစ်ခု ကိုခုန်ကူးတာပေါ့။ ဒါကြောင့် ဒီလို problem တွေကိုကိုယ်ကိုတိုင်ရင်ဆိုင်ရရင်ကော ဘယ်လိုပါးပါးနပ်နပ်ဖြေရှင်း လို့ရမလဲဆိုတဲ့အချက်တွေကို Intern Plus ကနေ လုပ်ငန်းခွင်ကိုဝင်ဖို့ ပြင်ဆင်နေတဲ့ Intern Pluser လေးတွေရယ် လုပ်ငန်းခွင်ကိုရောက်နေပြီဖြစ်တဲ့ လူငယ်အားလုံးအတွက် ဗဟုသုတ အနေနဲ့ဝေငှ ပေးသွားမှာဖြစ်ပါတယ်။

✅အဓိကအချက်ကတော့ Engagement များများလုပ်ပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ မကဘဲကိုယ့် department အပြင်ကတခြားလူတွေနဲ့ပါ ခင်မင်စွာပေါင်းသင်းဆက်ဆံပါ။ ကိုယ်က network များများရှိလေ ကိုယ့်မှာ ဆွေးနွေးတိုင်ပင်လို့ရနိုင်တဲ့သူ ပိုများပါတယ်။ ဒါ့အပြင်ကိုယ့်ဘက်က ပွင့်လင်းစွာပြောဆိုဆက်ဆံတတ်ဖို့ကလဲ အရေးပါပါတယ်နော်။

✅သဘောထားမတိုက်ဆိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း အပြုံးမပျက်ပဲ အလိုက်အထိုက်ဆက်ဆံတတ်ဖို့ကလဲရေးကြီးပါတယ်။ မခံချင်စိတ်နဲ့ ငြင်းမယ် ဆိုရင်တော့ အရှုံးကြီးရှုံးမှာ မလွဲပါဘူးနော်။ ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင်နေပါ။ လုပ်ငန်းခွင်မှာ တစ်ခါတစ်လေ ကိုယ်နဲ့ စိတ်သ‌ဘောထားချင်းမတိုက်ဆိုင်တဲ့လူ ရှိခဲ့ရင်လည်း ကိုယ့်ဘက်က အပြုသ‌ဘောဆောင်တဲ့ တုံ့ပြန်မှုကိုမျိုးသာပြုလုပ်သင့်ပါတယ်နော်။ ကိုယ့်ရဲ့ တနေ့တာမှာ များများပြုံးပါ၊ ကိုယ့်ဘက်ကသာ သဘောထားမှန်ရင် တန်ပြန်အကျိုးသက်ရောက်မှာပါ။ စေတနာအမှန်နဲ့ ကောင်းမွန်စွာ လုပ်ကိုင်ရင် အကျိူးကျေးဇူးတန်ပြန်ရမှာ သေချာပါတယ်။

✅နောက်ဆုံးအချက်အနေနဲ့ကတော့ သည်းခံပါ။ စိတ်ထဲရှိတဲ့အတိုင်း မလုပ်ပါနဲ့။ ကိုယ့်အနေနဲ့ အလုပ်ဝင်တာမကြာသေးဘူးဆိုပေမယ့် လုပ်ငန်းခွင်ထဲမှာ အများနဲ့ Flexible ဖြစ်အောင် ကြိုးစားနေထိုင်သင့်ပါတယ်။ ကိုယ်ဘက်ကနေပြီးတော့ အတတ်နိုင်ဆုံး Acceptance ရှိအောင်နေပါ။ အတိုက်အခံနည်းလေလေ လုပ်ငန်းခွင်မှာအဆင်ပြေဖို့ အလားအလာအများကြီးရှိလေလေဘဲဖြစ်ပါတယ်နော်။

အပေါ်မှာဖော်ပြခဲ့တဲ့ အချက်လေးတွေကတော့ I လုပ်ငန်းခွင်ရောက်နေပြီးသားဖြစ်တဲ့ လူငယ်တွေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေတဲ့ Intern Pluser တို့ လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေစေဖို့၊ ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Leave a Comment