အလုပ်မလျှောက်ခင် စစ်သင့်တဲ့အချက် (၅) ချက်
Intern Plus Platform မှာ Register လုပ်ပြီးတဲ့ သူတွေ အနေနဲ့ ပထမဆုံး လုပ်ထားရမယ့် အရာဘာလဲ ပြောစရာလိုမယ်မထင်ပါဘူး။ မိမိလျှောက်ချင်တဲ့ အလုပ်တွေ့ပြီ လျှောက်တော့မယ် ဆိုရင် Apply Job မနှိပ်ခင်မှာ စစ်သင့်တာကိုပြောပေးသွားမှာဖြစ်ပါတယ်။
- မိမိရဲ့ ဓါတ်ပုံ
- မိမိ နာမည် အပြည့်အစုံ
- Education အပြည့်အစုံ
- Experience
- Contact အချက်အလက်များ
(၁) မိမိ ရဲ့ ဓါတ်ပုံ
My Profile ထဲမှာပဲ ဖြစ်ဖြစ် My Resume ထဲမှာ ပဲ ဖြစ်ဖြစ် +Upload Photo
ဆိုတာရှိပါတယ်။ အဲဒီမှာ မိမိ CV မှာ ထည့်တဲ့ ဓါတ်ပုံကို သေချောပေါက်ထည့်ပေးရမှာဖြစ်ပါတယ်။ သတိထားရမှာက တစ်ချို့ Candidate တွေက မိမိတို့ ပုံတွေဖြစ်ရင် ပြီးရော ထည့်တက်ကြပါတယ်။ အဲဒီမှာ လက်နှစ်ချောင်းထောင်နေတာ၊ ကာတွန်းပုံတွေ၊ မိမိကျောပြင်ကို အဝေးကနေ ရိုက်ထားတာ၊ မျက်နှာကို သေချာမမြင်ရတာ စတဲ့ ပုံအမျိုးမျိုးကို ပြီးစလွယ်တင်တက်ပါတယ်။ တစ်ချို့ဆိုရင် မိမိ CV ကို ဓါတ်ပုံရိုက်ထားတဲ့ပုံကြီးကိုထည့်ထားတက်ပါတယ်။ ကိုယ်က အလုပ်စလုပ်တော့မယ်ဆို ကလေးဆန်တဲ့ ပုံတွေအစား လုပ်ငန်းရှင်သဘောကျမယ့် Professional ဆန်ဆန်ပုံတွေကို တင်သင့်ပါတယ်။ For Example – အောက်ကပုံတွေကို နမူနာကြည့်ပါ။ Professional ဆန်ပါစေ။

(၂) မိမိ နာမည် အပြည့်အစုံ
အလုပ်လုပ်ပြီဆိုရင် နာမည်အပြည့်အစုံက အရေးကြီးပါတယ် ဒီနာမည်ပေါ်မူတည်ပြီး အလုပ်ခန့်ထားမှု့ဆိုင်ရာ စာချုပ်တွေချုပ်ဆိုရတာပါ။ InternPlus မှာ တော့ မိမိနာမည် အပြည့်အစုံကို Profile ဆိုတဲ့ နေရာမှာ ဖြည့်ရမှာပါ။ First Name Last Name မှာ သေချာဖြည့်ပြီးတာနဲ့ရပါပြီ။ စာလုံးပေါင်းတော့ သတိထားစစ်ဆေးစေချင်ပါတယ်။
(၃) Education အပြည့်အစုံ
My Resume > Education ထဲမှာ မိမိ Education ဆိုင်ရာတွေ ပြည့်စုံအောင်ဖြည့်စွက်ဖို့ပါ။ ဘာဘွဲ့ကို (သို့) ဘာ Major ကို အထူးပြုတယ်။ ဘယ်ကျောင်းမှာ ဘယ်လကနေ ဘယ်လ ထိတက်ရောက်ခဲ့တယ်။ စတာတွေကို ပြည့်စုံအောင် ဖြည့်စွက်ရပါမယ်။ မိမိက Fresh Graduate ဒါမှ မဟုတ်ကျောင်းသားဖြစ်ရင် ပိုပြီးအလေးထားဖြည့်ရပါမယ်။ လက်ရှိ ဘယ် Year တက်ရောက်နေဆဲ ဆိုတာမျိုးကိုပေါ့။

(၄) Experience
လုပ်ငန်းအတွေ့အကြုံရှိပြီးသားသူတွေ နောက်ဆုံးနှစ်မှာ Internship ဆင်းဖူးတဲ့သူတွေကတော့ မိမိတို့ပတ်သတ်တာဖြည့်လို့ရပါတယ်။ မိမိက အဲလိုမရှိဘူးဆိုရင်လည်း Experience ကို မဖြည့်လည်းရပါတယ်။ တစ်ချို့က Internship ၃ လဆင်းတာကိုလဲ experience မှာ မဖြည့်မိလို့ သတိပေးတာပါ။ ဖြည့်ဖြစ်အောင်ဖြည့်ပါ။
(၅) Contact အချက်အလက်များ

InternPlus မှာ Candidate တွေအတွက် contact အချက်အလက်တွေကို My Profile ဆိုတဲ့ Tab မှာထည့်ပေးထားပါတယ်။ အဲထဲမှာ ဖုန်းနံပါတ်၊ အသက်၊ မျှော်မှန်းလစာ၊ လိပ်စာအပြည့်အစုံ စတာတွေကို ဖြည့်သွင်း ပြီး Save လုပ်ထားရပါမယ်။ ဒါမှ သာ Employer ဘက်က အလုပ်လျှောက်သူကိုကြည့်ပြီး သဘောကျရင် ဆက်သွယ်ရမယ့် အရာတွေ အပြည့်အစုံပေါ်နေမှာဖြစ်ပါတယ်။

အားလုံးသိပြီးသားအတိုင်း InternPlus ဟာ Company (Employer) တွေနဲ့ Candidate တွေတိုက်ရိုက်ချိတ်ဆက်ပေးတဲ့ Platform တစ်ခုပါ မိမိဘက်က အားလုံးကိုသေချာ စနစ်တကျ နဲ့ ဖြည့်စွက်ထားမှ သာ Review ကြည့်ချင်တဲ့ Candidate တစ်ဉီးဖြစ်မှာပါ။