fbpx

Career Genie တစ်ယောက်သာရှိနေရင်ဘာတွေမေးမလဲ?

Career Genie တစ်ယောက်သာရှိနေရင်ဘာတွေမေးမလဲ❓

Intern Pluser တို့ရေ Aladdin ဇာတ်ကားထဲက Genie ကို သိကြတယ်ဟုတ်❓Aladdin ဇာတ်ကားထဲမှာAladdin က Genie ဆီက လိုအပ်တဲ့အကူအညီတိုင်းကို ရသလို Intern Pluser တို့လည်း Career Genie ဆီက အကူအညီတွေသာရနိုင်ရင် Career နဲ့ပတ်သတ်ပြီးဘာတွေမေးဖို့ပြင်ဆင်ထားမလဲ❓ Career နဲ့ပတ်သတ်ပြီးတော့ကော ဘာတွေသိချင်တာရှိသလဲ❓

👉ဒီနေ့မှာတော့ Intern Plus အနေနဲ့ Intern Plus ရဲ့ Career Consultation Program (CCP) မှာ Career Genie တွေဆီကဘာတွေမေးလို့ရနိုင်သလဲ ပြီးတော့ ဘယ်လိုအကူအညီတွေတောင်းသင့်သလဲဆိုတာကို Intern Pluser တို့သိနိုင်အောင်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ကျောင်းပြီးရင်ဘာဆက်လုပ်ရမလဲ❓ ✅ကျောင်းသူ ကျောင်းသားအများစုဟာ ကျောင်းတက်နေ့စဥ်မှာတော့ ကျောင်းပြီးရင်ဘာလုပ်မလဲဆိုတာ သိပ်ပြီးမစဥ်းစားထားကြပါဘူး။ ကျောင်းပြီးရင်ရရာအလုပ်တစ်ခုကိုလုပ်မယ်လို့ပဲတွေးထားကြပါတယ်။ တကယ်တော့ ဒီလိုလွယ်လွယ်တွေးလိုက်တာဟာ ခဏတာ စိတ်သက်သာရာရပေမယ့် ကျောင်းတကယ်ပြီးသွားတဲ့အခါ ဘာဆက်လုပ်ရမှန်းမသိဖြစ်ပြီး အဲဒီအဆင့်မှာ Stuck ဖြစ်နေသူတွေအများကြီးကိုလဲတွေ့ရပါတယ်။ ဒီအတွက်ကြောင့် Career Genie တစ်ယောက်နဲ့သာတွေ့ဆုံခဲ့ရင် ပထမဆုံးမေးသင့်တာကတော့ ကျောင်းပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာပါ။

ကိုယ်လျှောက်မယ့် Career လမ်းကြောင်းရဲ့ ရေရှည်အလားအလာက ဘာလဲ❓ ✅ကျောင်းပြီးသွားလို့အလုပ်တစ်ခုရလာသည့်တိုင်အောင်တစ်ခါတစ်လေမှာ အလုပ်အသစ်တစ်ခုရထားတဲ့စိတ်နဲ့အလုပ်တွေတက်တက်ကြွကြွလုပ်ကြပါတယ်။ ဒီနေရာမှာ သတိထားရမှာက ကိုယ်သွားမယ့် Career Pathway ကရေရှည်မှာ အဆင်ပြေနိုင်သလား? လတ်တလောမှာအဆင်ပြေနေတဲ့ Career ဖြစ်နေပေမယ့် နောင် ၁၀နှစ်မှာကော ဒီCareer ဆက်ပြီးရှိနိုင်သေးသလားဆိုတဲ့မေးခွန်းတွေရဲ့ အဖြေကို Career Genie တွေကပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ်လျှောက်လှမ်းမယ့် Career လမ်းကြောင်းက ကိုယ်နဲ့တကယ် ကိုက်ညီရဲ့လား❓ ✅ဒီမေးခွန်းရဲ့အဖြေကတကယ်တော့ စာဖတ်နေတဲ့ Intern Pluser တစ်ယောက်ချင်းစီမှာပဲရှိတာပါ။ သို့ပေမယ့်လည်း တစ်ခါတစ်ရံမှာ မိမိကိုယ်တိုင် သတိမထားမိတဲ့ မိမိရဲ့ အရည်အချင်းတွေကို သိတတ်နားလည်သူတစ်ဦးကပြောပြရင်းနဲ့သာ သိမြင်လာနိုင်တဲ့အတွက်ကြောင့် Career Genie နဲ့တွေ့တဲ့အခါ ဒီမေးခွန်းကို မေးရင်းမိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်ပါတယ်။

လက်ရှိလျှောက်လှမ်းမယ့် Career လမ်းကြောင်းကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ❓ ဘယ်လိုအခွင့်အရေးတွေကိုကော ရနိုင်သလဲ❓ ✅Career Field တိုင်းအတွက် Expert သီးသန့်ဆီထားပေးထားတဲ့ Intern Plus ရဲ့ Career Consultation Program မှာတော့ နယ်ပယ်တိုင်းအတွက် တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ၊ အဲဒီနယ်ပယ်အတွက် သိထားတတ်ထားသင့်တဲ့ အသိပညာ အတတ်ပညာတွေကို ဘယ်လိုအချိန်ကလတွေမှာတော့ ဘယ်လိုအလုပ်အကိုင်ရာထူးတွေကို ရရှိဖို့လုပ်ဆောင်နိုင်သလဲ အစရှိသဖြင့်မေးမြန်းကာ အကြံဉာဏ်တောင်းလို့ရမှာပဲဖြစ်ပါတယ်။

Personal Work Experience တွေကိုဝေမျှပြီးဆွေးနွေးတိုင်ပင်ပါ❗ ✅အလုပ်တစ်ခုကိုဝင်ဖို့ ကြိုးစားနေသူတိုင်းဟာ နယ်ပယ်အသီးသီးမှာရှိတဲ့ယေဘုယျဆန်တဲ့ အလုပ်ရာထူးတွေကိုဝင်ကြသူတွေပဲဖြစ်နေပေမယ့် အဲဒီအလုပ်ကိုဘာလို့ရွေးချယ်ရတယ်၊ ကိုယ့်ရဲ့ ဒီအလုပ်နဲ့ပတ်သတ်ပြီးတန်ဖိုးထားတဲ့အရာတွေကဘာတွေဖြစ်တယ်၊ ခံယူချက်တွေကဘယ်လိုရှိတယ်ဆိုတာတွေကတော့ အလွန်ကွဲပြားနိုင်တယ့်အတွက်ကြောင့်လဲ လုပ်ကိုင်နေတဲ့ နယ်ပယ်ချင်းတူနေရင်တောင် ရာထူး အလုပ်ပုံစံတွေကွဲပြားသွားတဲ့အတွက်ကြောင့် Intern Pluser တို့အနေနဲ့ Career Genie နဲ့တွေ့တဲ့အခါ မိမိရဲ့ အတွေးခံယူချက်တွေကို ဝေမျှပြီး ဘာတွေဆက်လုပ်သင့်တယ်ဆိုတာကိုဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ မေးခွန်းတွေကို ကန့်သတ်ချက်မထားထားတဲ့အတွက် Career နဲ့သတ်ဆိုင်တဲ့ ဘယ်လိုမေးခွန်းကိုမဆိုမေးမြန်းပြီး အကြံဉာဏ်တွေတောင်းခံနိုင်မှာပါ။

  • Share this post

Leave a Comment