A New Me

Pandemic ကာလကြီးမှာ တစ်နေကုန် အိမ်ထဲမှာပဲနေနေရတော့ ငြီးငွေ့ပြီး တစ်နေ့တစ်နေ့ Repetitive Tasks တွေပဲလုပ်နေရလို့ Capacity ကျနေတယ်လို့ ခံစားနေရပြီလား❓
📱ဖုန်းမှာ new versionထွက်တိုင်း upgrade လုပ်ရသလို 👩🦰လူကိုလည်း Version မြှင့်ပြီး a new me ဖြစ်အောင်ကြိုးစားကြမယ်လေ❗️
A New Me ဖြစ်ဖို့ အရင်ဆုံးလုပ်ရမှာကတော့
👉ဆင်ခြေပေးတတ်တဲ့အကျင့်ကိုဖျောက်ပါ ကျွန်တော်တို့ ကိစ္စတစ်ခုခုကို မလုပ်နိုင်ဘူးဆိုရင် ဘာဖြစ်လို့ပါ၊ ဘာကြောင့်ပါဆိုပြီး ပေးနေတတ်တဲ့ အကြောင်းပြချက်တွေဟာ ဆင်ခြေတွေပါပဲ။ ကိစ္စတခုမအောင်မြင်ရခြင်းရဲ့ ၉၉% လောက်ဟာ ဆင်ခြေပေးတတ်တဲ့ အကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဆင်ခြေတွေပေးနေမယ့်အစား ကိုယ့်လုပ်ရပ်တိုင်းကို ကောင်းအောင်ကြိုးစားဖို့ လိုအပ်ပါတယ်။
👉အိပ်ရေးဝဝအိပ်ပြီး မနက်စောစောထပါ။ ညလုံးပေါက်ဖုန်းသုံးပြီး အိပ်ယာဝင်နောက်ကျခြင်းက ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့အကျင့်ဆိုးတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့မှာ အနည်းဆုံးအိပ်ချိန် ၆နာရီရှိသင့်ပါတယ်။ နှစ်ခြိုက်စွာအိပ်ပျော်ပြီး မနက်စောစော အိပ်ယာထခြင်းဟာ သင့်ဦးနှောက်ရဲ့ Productivity ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
👉မလိုအပ်တဲ့အရာတွေမှာ အချိန်ကုန်မခံပါနဲ့ တစ်နေ့တာရဲ့ ၆နာရီလောက်ဟာ မလိုအပ်တာတွေ လုပ်နေပြီး ကုန်ဆုံးနေတတ်ပါတယ်။ တစ်နေကုန်ဘာမှ မလုပ်ပဲ ဖုန်းသုံးနေတာမျိုးတွေပေါ့။ မလိုအပ်တာတွေမှာ အချိန်ကုန်နေမယ့်အစား ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေကို အစားထိုးလုပ်ဆောင်ပြီး အချိန်ကိုအကျိုးရှိအောင် စီမံခန့်ခွဲကြည့်ပါ။
👉ကိုယ့်ရဲ့တစ်နေ့တာကို ကြိုစီစဉ်ပါ။ ကျွန်တော်တို့တွေဟာ ဒီနေ့မှာ ဘာလုပ်မယ်ဆိုပြီး တွေးထားပေမယ့် လက်တွေ့မှာ မလုပ်ဖြစ်လိုက်တာတွေရှိပါတယ်။ တစ်နေ့တာရဲ့ လုပ်စရာတွေကို Note လေးချရေးထားပြီး ပြီးဆုံးအောင် လုပ်ဆောင်တာကတော့ အကောင်းဆုံးနည်းလမ်းပါပဲ။
Intern Pluserတို့ရေ Tipsလေးတွေကို တူတူလိုက်လုပ်ကြည့်ပြီး Me ကနေ A new me ဖြစ်ဖို့ Upgrade လုပ်ကြရအောင်နော်😉