5 tough questions the managers want to ask, but don’t
အောက်ပါအချက် (၅) ချက်က manager တွေကိုယ်တိုင်နားလည်သဘောပေါက်ခြင်းမရှိပေမယ့်ထုတ်မေးဖို့မသင့်တော်တာ၊ မမေးရဲတာ၊ မေးဖို့ကသိကအောက်ဖစ်တဲ့အချက်(၅)ချက်ဖြစ်ပါတယ်။ သို့သော်လည်းသိသင့်ထားတဲ့အချက်တွေလည်းဖြစ်တာကြောင့် တစ်ခါတည်းစုစည်းရှင်းပြထားပါတယ်။
1. “လူတွေကသူလုပ်ရမယ့်အလုပ်သူလုပ်နေတာလေးကိုဘာလို့ထပ်ပြီးချီးကျူး/ချီးမြှောက်ရတာလဲ?”
အဖြေကတော့ရှင်းပါတယ် “positive reinforcement” လို့ပဲပြောချင်ပါတယ်။ လူတွေကအလုပ်တစ်ခုအတွက်ဆုချီးမြှင့်ခံရရင် အဲ့လိုအလုပ်မျိုးတွေများများလုပ်တတ်ကြပါတယ်။ဆုချီးမြင့်တယ်ဆိုတဲ့စကားဟာ incentive ဆန်ပေမယ့် ချီးကျူးဂုဏ်ပြုခြင်းကလည်းဆုတစ်မျိုးဖြစ်ပါတယ်။ အကယ်၍သင်ကလူတစ်ယောက်သူ့အလုပ်မှာကောင်းကောင်းလုပ်နေတာမျိုးထိန်းထားပီးဆက်လုပ်စေချင်ရင်သူတို့အလုပ်ကချီးကျူးဖို့ထိုက်တန်ကြောင်းသက်သေပြလိုက်ပါ။
2. “ငါတို့လစာကောင်းကောင်းပေးနေတာပဲ။ ငွေဆိုတာလုံလောက်တဲ့ motivation မဟုတ်ဘူးလား?”
ခြုံငုံပြီးပြောရရင်တော့ မဟုတ်ပါဘူး။ လူတစ်ချို့အတွက်တော့လုံလောက်ပေမယ့် တစ်ချို့ကတော့မတူပါဘူး။ အဲ့လိုအတူတဲ့လူတွေကိုပါ motivate ဖြစ်အောင်လုပ်ရတာ leader ရဲ့အလုပ်ထဲမှာပါပါတယ်။ လူတွေဆိုတာအမျိုးမျိုးရှိပြီး ကိုယ်နဲ့တွေ့ကြုံတဲ့လူတွေရဲ့မတူညီမှုတွေကိုလည်းဝေဖန်ပိုင်ခွင့်မရှိဘူးဆိုတာ leader ဆိုတာလက်ခံပေးရပါတယ်။
အဲ့ဒါကြောင့် manager တွေဟာ employee တွေနဲ့ကောင်းမွန်တဲ့ communication ရှိခြင်းအားဖြင့် တစ်ယောက်ခြင်းစီရဲ့ Motivator က ငွေလား၊ အသိအမှတ်အပြုခံရတာလား၊ challenging work လား၊ opportunity လားဆိုတာတွေကိုသိနိုင်ပီး employee တွေရဲ့လိုအပ်ချက်အတိုင်း engage ဖြစ်အောင်လုပ်ဆောင်နိုင်မှာပါ။
3. “ ဒီတိုင်း သာမန်ကာလျှံကာ ပြောပေးတာမျိုးမဟုတ်ဘဲ ဘယ်လိုချီးကျူးပေးလို့ရလဲ “
Manager တွေတွေးလေ့ရှိတာ နောက်တစ်ခုက စိတ်ရင်းကို ပြပြီး ဘယ်လို ချီးမြှောက်ပေးရမလဲ ဆိုတာပါ။ ဒါအတွက် ပထမဆုံး တစ်ခုက
Specific – ဒီအတိုင်း “မဆိုးဘူး တော်တယ်” ဆိုတာမျိုးထက် ဖြစ်ပျက်ခဲ့တာနဲ့ ပက်သတ်ပြီး ဘာကြောင့်အရေးကြီးသည်ကိုအတိအကျပြောပါ။ ဥပမာ -“ ဒီ project အတွက် အားလုံး အတူတကွကြိုးစားပေးခဲ့ကြလို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ အသင်းအတွက် မင်းတို့ရဲ့ အားစိုက်ထုတ်မှုက ငါတို့ရဲ့ရည်မှန်းချက်ကို မြန်မြန်ဆန်ဆန်ရောက်အောင်လုပ်ပေးခဲ့တာပါ “ အဲဒီလိုမျိုး အချိန်မှီချက်ချင်းချီးမွမ်းသင့်ပါတယ်။
4. “ ငါ ဘယ်လို ချီးကျူးပေးရမလဲ နဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်နေဖို့ မလိုအပ်ပါဘူး။ ဒီတိုင်း အီးမေးလ်ပို့လို့ ရတာပဲ မဟုတ်ဘူးလား “
Uram က တစ်ခါတရံမှာ သင့်အနေနဲ့ “ ၀န်ထမ်းတွေအဆင်ပြေဆုံး ဖြစ်အောင် ချီးမွမ်းပေးသင့်တယ်” လို့ဖော်ပြထားဖူးပါတယ်။ ဝန်ထမ်းတွေအနေနဲ့က လူတွေ အများကြီးရဲ့ ရှေ့မှာချီးကျူးခံချင်တာ သဘာဝပါ။
ဒါကြောင့်မလို့ လူအများကြားမှာ အပြုသဘောဆောင်သည့်အပြုအမူတွေနဲ့ ချီးကျူးပေးခြင်းက သင့်အနေနဲ့ employee တွေကို အလေးထားချီးကျူးပေးတာ ပေါ်လွင်စေပါတယ်။
5. “ Performance review ကောင်းကောင်းပေးထားတာပဲ။ ဒါနဲ့မလုံလောက်ဘူးလား “
ဒီလိုမျိုးဆိုလည်း မဟုတ်ပါဘူး။ Manager တစ်ယောက်အနေနဲ့ဆို employee တွေရဲ့ ကြိုးစား အားထုတ်မှုကို သေချာပေါက် အိအမှတ်ပြု ချီးကျူးပေးဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် အမြဲ လိုလို ချီးကျူးပေးနေတာမျိုးထပ် ထိထိရောက်ရောက် ချီးကျူးဂုဏ်ပြုပေးတာက employee တွေအတွက် ပိုအလေးထားနေစေမှာပါ။