fbpx

How To Stop Overthinking Everything

How To Stop Overthinking Everything

ဒီနေ့မှာတော့ Intern Pluser တို့ကို Overthinking(အတွေးလွန်ခြင်း)နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး တားဆီးရမလဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်နော်။

ဘယ်အရာကိုဘဲလုပ်လုပ် မလုပ်ခင်မှာတော့ ဖြစ်လာမယ့် အရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကြိုပြီး တွေးတောရတာပါဘဲ။ ဒါပေမဲ့ လူအများစုက မဖြစ်လာသေးတဲ့အရာတွေအတွက် လိုအပ်တာထက်ပိုပြီး အတွေးလွန်နေတတ်ကြပါတယ်။ ဘာလို့လဲဆိုရင် အခုယာယီတွေးပြီး ဆုံးဖြတ်လိုက်တဲ့ အရာတစ်ခုက နောင်မှာ မှားယွင်းသွားမှာကို ကြောက်တဲ့အတွက်ပါ။

မလိုအပ်တဲ့အတွေးတွေ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေမှာ လိုက်ပြီးခံစားနေတဲ့အတွေးတွေက ကိုယ့်ကိုယ်ကို ပင်ပန်းစေတာပါပဲ။ ဥပမာ- ပစ္စည်းတစ်ခုကို ဝယ်တဲ့အခါမှာ ဝယ်ဖို့သင့်မသင့်ကို အများကြီးတွေးတောနေခြင်းက သင့်ရဲ့ နေ့စဥ်ဘဝ လုပ်ဆောင်ရမယ့်၊ ဆုံးဖြတ်ရမယ့်အရာတွေအတွက်ကို အကျိုးသက်ရောက်မှု ကောင်းမှာမဟုတ်ပါဘူးနော်။ ဘယ်အရာကိုမဆို Overthinking ဖြစ်နေခြင်းက နှောင့်နှေးမှုဖြစ်စေမယ့်အပြင် ဆုံးဖြတ်ချက်နောက်ကျတဲ့အတွက် နောင်တရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အမြဲတမ်းအတွေးလွန်ခြင်းက ရေရှည်မှာ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြသနာတွေကိုဖြစ်စေနိုင်လို့ အကျင့်ဖြစ်သွားရင် မကောင်းပါဘူးနော်။ ဒါဟာ စိတ်နဲ့ဆိုင်နဲ့ အလေ့အကျင့်တစ်ခုပါဘဲ ဖျောက်ဖျတ်လို့ရပါတယ်။ Intern Pluser တို့ အတွေးတွေနယ်မလွန်စေဖို့ တားစီးစေနိုင်မယ့်အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်👇👇

✅ကိုယ်စိတ်ပျော်ရွှင်စေတဲ့ အရာတစ်ခုခုမှာ စိတ်နှစ်လိုက်ပါ။ ကိုယ့်ရဲ့စိတ်က အတွေးလွန်နေချိန်မှာ တခြားတစ်ခုခုကို ပြောင်းလဲပြီး စတင်လုပ်ဖို့ဆိုတာ ခက်ခဲတာမှန်ပါတယ်။ ဒါပေမဲ့ အရမ်းတွေးလွန်းပြီး စိတ်ဖိစီးမှုခံစားလာရပြီဆိုရင် ကိုယ်စိတ်ပျော်ရွှင်စေတဲ့ activity တစ်ခုခု ဒါမှမဟုတ် အားကစားလုပ်တာဖြစ်ဖြစ် အာရုံပြောင်းအောင် စိတ်နှစ်ပြီး လုပ်လိုက်ပါ။

✅တရားထိုင်ပါ။ အတွေးတွေအရမ်းများနေပီဆိုရင် လက်ရှိလုပ်နေတာတွေကို ခဏလောက်ရပ်၊ မျက်လုံးကိုမှိတ်လိုက်ပြီး အသက်မှန်မှန်ရှုလိုက်ပြီး ဝင်လေထွက်လေမှတ်ပြီး တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းက စိတ်ကိုရှင်းလင်းစေပြီး အာရုံစူးစိုက်မှုပိုကောင်းဖို့နဲ့ အေးချမ်းဖို့အတွက် ကူညီပေးပါတယ်။

✅မတူညီတဲ့ ရှုထောင့်ကနေ မြင်ကြည့်ပါ။ ကိုယ်အရမ်းတွေးနေမိတဲ့အရာတစ်ခုကို စတင်ပြီးတော့ ပုံမှန်တွေးနေကျ အတိုင်းမတွေးဘဲ မတူညီတဲ့ရှုထောင့်ကနေ တွေးကြည့်ပါ။ ကိုယ်တွေးနေတဲ့ဟာက ရလဒ်ကောင်းမထွက်လာဘူးဆိုရင်တောင် အကောင်းဘက်ကနေ ပြောင်းလဲပြီး မြင်ကြည့်လိုက်ရင် ကောင်းတဲ့အရာကို တွေ့လာပြီး အများကြီးတွေးမိနေတာဟာ စိုးရိမ်လွန်နေတာဘဲဆိုတာ ခံစားမိမှာပါ။

✅ကိုယ့်စိတ်ကို အမြဲတမ်း remind လုပ်ပြီး အစားထိုးတွေးကြည့်ဖို့ ကြိုးစားပါ။ အတွေးတွေကို Overthinking ဖြစ်မသွားစေဖို့ ကိုယ့်စိတ်ကိုယ် သတိလေးထားပြီး remind လုပ်နေပါ။ အတွေးတစ်ခုခုကို မတွေးဖို့ ကိုယ့်ကိုကိုယ်ပြောခြင်းက အတွေးမရှိဘူးဟု ပြောတာမဟုတ်လို့ အတွေးတွေကို အစားထိုးပြီး တွေးဖို့လိုအပ်ပါတယ်။ ထပ်ခါထပ်ခါ မလုပ်ဖို့ သတိပေးနေခြင်းကလည်း ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်မှာပါ။

✅ နောက်ဆုံးအချက်အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ကိုယ်အရမ်းတွေးနေမိတဲ့အရာရဲ့ ကိုယ်ကြောက်တဲ့အရာနဲ့ တကယ်ဖြစ်ပျက်နိုင်မယ့်ဖြစ်နိုင်ခြေတွေက ဘာဖြစ်မလဲ? ဖြစ်နိုင်ခြေနည်းလျှင် တခြားဖြစ်နိုင်တဲ့ရလဒ်တွေကဘာတွေလဲ? ဆိုတဲ့ ကြိုတင်ဖြေရှင်းနိုင်ဖို့အတွက် Solutions ကိုဘဲစဥ်းစားကြည့်ပါ။ ပြီးတော့ အဲဒီကြောက်စိတ်အပေါ်မှာ Positive Thinking နဲ့ တွေးကြည့်ပါ။

အခုဖော်ပြပေးသွားတဲ့အချက်လေးတွေက Intern Pluser တို့အတွက် Overthinking မဖြစ်စေဖို့ ထိန်းချုပ်တဲ့နေရာမှာ အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။

  • Share this post

Leave a Comment