fbpx

အလုပ်အင်တာဗျူးတစ်ခုရအောင် ဘယ်လိုပြင်ဆင်သင့်သလဲ?

CV ကိုသေသေချာချာပြင်ပြီး အလုပ်လျှောက်တာတောင် အင်တာဗျူးမခေါ်တာမျိုး Intern Pluser တို့ ကြုံဖူးကြပါသလား❓ဘာကြောင့်အလုပ်မခေါ်တာလဲလို့ကော စဥ်းစားမရတဲ့ အခြေအနေမျိုးတွေကြုံဖူးကြပါသလား❓

တကယ်တော့ အလုပ်တစ်ခုကိုလျှောက်တယ်ဆိုတာ အလုပ်လျှောက်သူတွေအတွက်သာမက အလုပ်ခေါ်တဲ့ လုပ်ငန်းရှင်အတွက်လဲ အရမ်းကို အရေးကြီးလှပါတယ်။ အလုပ်လျှောက်သူတွေအနေနဲ့အလုပ်ရဖို့ အရေးကြီးသလို အလုပ်ခေါ်သူတွေအဖို့လည်း ကုမ္ပဏီအတွက် ဘယ်လောက်ထိ Interest နဲ့ Commitment ရှိလဲဆိုတာကို လေ့လာဖို့လိုအပ်ပါတယ်။ ဒါ့အတွက်ကြောင့် နောက်ထပ်လျှောက်မယ့် အလုပ်တွေအတွက် ဒီအချက် ၈ ချက်ကို ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်‌နော်👇

✅အလုပ်ခေါ်စာကို အသေးစိတ် သေချာဖတ်ပါ။အလုပ်လျှောက်ရာမှာ Job Title, Qualification Requirement တွေသာမက Company Profile, Job Description, Required Documents တွေကို သေသေချာချာဖတ်ရှုပြီး အားလုံးပြည့်စုံမှသာ အလုပ်ကိုလျှောက်လွှာပေးပို့တာမျိုးပြုလုပ်သင့်ပါတယ်။

✅မိမိနာမည် အရင်းကို သာအသုံးပြုထားတဲ့ CV နဲ့ Email Address ကိုအသုံးပြုပါ။မိမိနာမည် အရင်းကို သာအသုံးပြုထားတဲ့ CV နဲ့ Email Address ကိုအသုံးပြုခြင်းက မိမိဟာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်သူတစ်ဦးဖြစ်သလို လုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်စွမ်းရှိသူတစ်ဦးအဖြစ်လဲ ပြသနေပါတယ်။

✅အလုပ်ခေါ်စာထဲမှာ ပါဝင်တဲ့ Instruction တွေကို လိုက်နာပါ။အလုပ်လျှောက်ရာမှာ လုပ်ငန်းရှင်ဘက်က မေးထားတဲ့ မေးခွန်းတွေပြည့်ပြည့်စုံစုံ ဖြေဆိုပြီး အလုပ်လျှောက်ပုံလျှောက်နည်းတွေကို လိုက်နာပြီး မှသာ CV, Cover Letter ပေးပို့တာမျိုးပြုလုပ်သင့်ပါတယ်။

✅Cover Letter ကို အလုပ်လျှောက်ရာမှာ ထည့်သွင်းဖော်ပြပေးပါ။အလုပ်တစ်ခုကို သေသေချာချာလျှောက်ကြဖို့ Cover Letter ကောင်းတစ်ခုကို ရေးသားထားသင့်ပါတယ်။ လျှောက်မယ့်အလုပ်အတွက် Cover Letter မရေးသားခင်မှာ အဲဒီအလုပ်ရဲ့ Job Description ကို ဖတ်ပြီး မိမိရဲ့အားသာချက်တွေနဲ့ ကိုက်ညီကြောင်းဖော်ပြရေးသားထားတဲ့ Cover Letter ကို CV နဲ့အတူပေးပို့သင့်ပါတယ်။

✅အလုပ်ခေါ်စာမှာပါဝင်တဲ့ Key Word တွေ သင့် CV, Resume မှာပါဝင်ပါစေ။Job Description မှာပါဝင်တဲ့ အလုပ်တွေကို ဒီ Key words တွေအသုံးပြုပြီး သင့်အနေနဲ့ ကောင်းမွန်စွာဆောင်ရွက်နိုင်ကြောင်းကိုဖော်ပြတဲ့ သင့်ရဲ့ Skills တွေ Experience တွေ ကိုထည့်သွင်းရေးသားပါ။

✅အမှားကင်းစင်တဲ့ အလုပ်လျှောက်လွှာတစ်ခုဖြစ်အောင်ပြုလုပ်ပါ။အလုပ်လျှောက်ရာမှာ အီးမေးလ်ပေးပို့ခြင်းမျိုးတွေက အလုပ်ရှင်နဲ့ တစ်ခုတည်းသော Communication method ဖြစ်တဲ့အတွက် စာလုံးပေါင်းသတ်ပုံ တွေသေသေချာချာစစ်ဆေးပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုံမစုံ စစ်ဆေးတာမျိုးပြုပြီးမှသာ အလုပ်လျှောက်ထားသင့်ပါတယ်။

✅မိမိလျှောက်ထားတဲ့အလုပ်တွေ ကို မှတ်သားထားပါ။အလုပ်တွေအများကြီးလျှောက်ထားမိတဲ့အခါ လုပ်ငန်းရှင်ဘက်ကဆက်သွယ်လာတဲ့အခါ မသိတာမျိုးဖြစ်ရလေအောင် ကိုယ်လျှောက်ထားတဲ့ အလုပ်ရဲ့ Job Title, Company Name နဲ့ အလုပ်ခေါ်စာလေးတွေကို သေသေချာချာ သိမ်းထားတာမျိုးကိုလဲပြုလုပ်ထားသင့်ပါတယ်‌နော်။

✅Social Media Profile လေးတွေကို သပ်သပ်ရပ်ရပ်ထားရှိပါ။နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လုပ်ငန်းခွင်တွေမှာ Social Media တွေရဲ့ အခန်းကဏ္ဌတွေကလဲ နေရာယူလာတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ Intern Pluser တို့ရဲ့ Social Media Profile တွေကို အလုပ်မခေါ်ခင်မှာဝင်ရောက်ကြည့်ရှုနိုင်တဲ့အတွက် Social Media Profile တွေကိုသပ်သပ်ရပ်ရပ်ထားရှိဖို့လိုအပ်ပါတယ်။

ကဲ အလုပ်လျှောက်ရာမှာသတိထားသင့်တဲ့အချက်တွေကိုဖော်ပြပေးခဲ့ပြီးပြီဖြစ်တဲ့အတွက် နောက်တစ်ခါအလုပ်လျှောက်တဲ့အခါမှာတော့ အင်တာဗျူးတွေကိုအောင်မြင်စွာဖြေဆိုနိုင်ကြပါစေလို့ Intern Plus Team Member တွေကလည်း ဆုတောင်းပေးလိုက်ပါတယ်နော်🙏

  • Share this post

Leave a Comment