အလုပ်ခွင်မှာ Effective Communication ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ?

အလုပ်ခွင်မှာ Effective Communication ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ?
Intern Pluser တို့ရေ ဒီနေ့မှာတော့ Effective Communication နဲ့ဆိုင်တဲ့အကြောင်းအရာတွေကို Sharing လုပ်ပေးချင်ပါတယ်။
Communication လုပ်ရာမှာ information တွေ share ပေးရုံနဲ့တင်မလုံလောက်ပါဘူး။ ပေးပို့တဲ့သူရဲ့ purpose ကလည်း လက်ခံတဲ့သူဆီ သေသေချာချာရောက်သွားဖို့လိုပါတယ်။ဒါဆို Effective Communication ရဲ့ Characteristic တွေကဘာတွေဖြစ်မလဲ။
1. Clear Message
Communication လုပ်ရမှာ ကိုယ်ပေးချင်တဲ့ messageက ရိုးရှင်းပြီး နားလည်လွယ်တဲ့ အဓိပ္ပါယ်ရှိတဲ့ message ဖြစ်ဖို့လိုပါတယ်။
2. Correct Message
Miss-communication တွေမဖြစ်ကြဖို့ ကိုယ်ပေးလိုက်တဲ့ information က မှန်ကန်နေဖို့ လိုပါတယ်။
3. Complete Message
Communication ဟာ Decision Making ရဲ့ အစဖြစ်တဲ့အတွက် ပေးချင်တဲ့ message ကို ပြီးအောင်အဆုံးသတ်ဖို့လိုပါတယ်။ မဟုတ်ရင် Direction လွဲသွားပြီး နားလည်မှုလွဲတာတွေဖြစ်နိုင်ပါတယ်။
4. Reliability
Communicate လုပ်တဲ့သူရဲ့ ပေးချင်တဲ့ message ကတိကျသေချာနေမှ လက်ခံတဲ့သူဘက်က ဒီ information ကို ယုံကြည်ပြီး rely လုပ်လို့ရမှာဖြစ်ပါတယ်။
5. Consideration of the Recipient
ပေးချင်တဲ့သူကပဲ ပေးချင်တဲ့ message ကို ပေးချင်သလိုပေးရင် effective communication မဖြစ်နိုင်ပါဘူး။ ဒီ information ကို လက်ခံမယ့်သူရဲ့ နားလည်နိုင်စွမ်းနဲ့ behaviour တွေပေါ်မူတည်ပြီး adaptable ဖြစ်ပြီး ပြောပြဖို့လိုပါတယ်။
6. Sender’s Courtesy
“စကားစကားပြောပါများ စကားထဲကဇာတိပြ” ဆိုသလို ကိုယ်ပေးလိုက်တဲ့ message တွေက ကိုယ့်ရဲ့ အပြုအမူတွေကို ထင်ဟပ်နေစေတယ်ဆိုတာ သတိပြုပါ။
လူတွေက နေ့စဥ်နေ့တိုင်း တစ်ယောက်နဲ့ တစ်ယောက် communicate လုပ်နေရတာဖြစ်တဲ့အတွက် Effective Communication ဟာ အလွန်အရေးကြီးပါတယ်။ Effective ဖြစ်တဲ့ Communication ဟာ Decision Making တွေမှာ သက်ရောက်မှုရှိသလို နားလည်မှုလွဲတာတွေမဖြစ်အောင် ခိုင်မာတဲ့ relationship တွေတည်ဆောက်ရာမှာလည်း လိုအပ်တဲ့ အတွက် ဒီအချက်လေးတွေကို သတိပြုကြပါနော်။