အချိန်ဆွဲခြင်းတတ်တဲ့အကျင့်ကို ရပ်တန့်ဖို့ အချက် (၅) ချက်

အချိန်ဆွဲခြင်းတတ်တဲ့အကျင့်ကို ရပ်တန့်ဖို့ အချက် (၅) ချက်
Intern Pluser တို့ အလုပ်တွေကို စလုပ်ဖို့ ခက်ခဲနေပြီး အချိန်ဆွဲတာနဲ့ ကျင့်သားရနေပြီလား။ ဒါက ရေရှည်အတွက်မကောင်းတာ သင်ကိုယ်တိုင်လည်း ရိပ်မိမှာပါ။ ဘာလို့ဆိုတော့ အချိန်ဆွဲတာက အလုပ်တွေပြီးသွားသစတာမဟုတ်ပဲ ပိုပြီးစုပုံလာစေတဲ့အတွက် နောက်ကျမှ နောင်တရတဲ့ အဖြစ်မျိုးပေါ့။ ဒီလို မကောင်းတဲ့ အလေ့အထကို အခုပဲ စတင်ပြုပြင်လိုက်ကြမလား။ ဒါဆိုရင် အချိန်ဆွဲတာကို ဘယ်လိုရပ်တန့်ကြမလဲ။
✅ကိုယ့်ကိုယ်ကို အချိန်ဆွဲတဲ့လူတစ်ယောက်လို့ သတ်မှတ်နေတာကို ရပ်လိုက်ပါ။ အတိတ်မှာ အချိန်ဆွဲခဲ့တာတွေအတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့တော့။ အဲ့အစား ကိုယ်ရှေ့ဆက်လုပ်ရမယ့်အရာတွေ အတွက်ပဲ စဥ်းစားပါ။ ကိုယ့်စိတ်ကို အရင်ပြုပြင်ပါ။
✅အလုပ်တွေကို 15 minutes အတွင်းအပြီးလုပ်ပါ။ တကယ်တမ်း အလုပ်တွေကို ၁၅ မိနစ်နဲ့ ပြီးနိုင်ပါ့မလား။ မပူပါနဲ့။ ကျွန်တော်တို့က အကြာကြီးလုပ်ရမယ့်အလုပ်ဆို မလုပ်ချင်ကြဘူးမလား။ ၁၅ မိနစ် အတွင်းပြီးနိုင်မယ်လို့ယူဆပြီး အခုပဲစလုပ်လိုက်ပါ။ သင့်အလုပ်တွေ ခဏအတွင်းမှာပြီးပါလိမ့်မယ်။
✅လုပ်ရမယ့် Tasks တွေကို အပိုင်းသေးသေးလေးတွေခွဲပါ။ Video တစ်ခုကြည့်ရင်တောင် အကြာကြီးဆိုပျင်းကြတယ်မလား။ ဒါပေမယ့် ၃ မိနစ်စာ video ၁၀ ခုကိုတော့ သင်ခဏလေးနဲ့ပြီးပအာင်ကြည့်ဖြစ်သွားမှာပါ။ ဒီလိုပဲ အလုပ်တွေကို အပိုင်းသေးသေးလေးတွေ တစ်ခုချင်းစီပြီးအောင်လုပ်သွားတာက တစ်ခဏလေးအတွင်းမှာ အလုပ်တွေအကုန်ပြီးစေပါတယ်။
✅သင့်ရဲ့ တစ်နေ့တာကို အခက်ခဲဆုံး အလုပ်ကနေ စတင်ပါ။ မနက်ခင်းပိုင်းမှာ ဦးနှောက်က ကြည်လင်နေတဲ့ အတွက် ခက်ခဲတဲ့အလုပ်တွေကိုတောင် ချောချောမွေ့မွေ့ ပြီးသစနိုင်မှာပါ။ ဒါမှ နောက်ဆက်လုပ်ရမယ့် အလုပ်တွေကို အလွယ်တကူပြီးတော့မှာပေါ့။
✅ကိုယ့်ကိုယ်ကို အားပေးစကားပြောပါ။ “ငါလုပ်နိုင်တယ်” ဆိုပြီး ကြွေးကြော်လိုက်တာဟာ အလုပ်စလုပ်ဖို့အတွက် ခွန်အားတွေအများကြီးယူဆောင်လာပေးနိုင်ပါတယ်။ ဒီလိုပဲ ကိုယ်နာမည်ကိုယ် ဟစ်ကြွေးပြီး အားပေးစကားတွေပြောပေးပါ။ 🌟😊
ဒါတွေကို လုပ်ကြည့်ပြီးရင်တော့ သင်ဟာ အခုဆိုရင် အချိန်ဆွဲတဲ့သူတစ်ယောက်မဟုတ်တော့ဘူးဆိုတာ သိထားဖို့လိုမယ်နော်။😉