လူငယ်တွေ ရည်မှန်းချက်ပန်းတိုင် ရောက်စေဖို့ အချက် (၅) ချက်

လူငယ်တွေ ရည်မှန်းချက်ပန်းတိုင် ရောက်စေဖို့ အချက် (၅) ချက်
Intern Pluser တို့ရေ ဘဝမှာ ကိုယ်မှမဟုတ်ဘူး လူတိုင်းက ကြိုးစားနေကြပါတယ်။ ဒီထဲမှာမှ တစ်ချို့က ကြိုးစားမှုလမ်းကို အဆုံးထိ အားထုတ်ပြီး လျှောက်လှမ်းသွားကြတယ်။ ဒါပေမယ့် တစ်ချို့ကတော့ လမ်းခုလတ်မှာတင်ဘဲ အရှုံးပေးပြီး လှည့်ထွက်သွားကြပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ Intern Plus ကနေ ကြိုးစား အားထုတ်ပြီး လျှောက်လှမ်းနေကြတဲ့ Intern Pluser တွေအတွက် ရည်မှန်းချက် ပန်းတိုင်လမ်းကြောင်းပေါ်ကို ခေါ်ဆောင်ပေးသွားမယ့် အချက်လေး (၅) ချက်ကို ဝေမျှပေးချင်ပါတယ်။
စဉ်ဆက်မပြတ် လေ့လာပါ။ပထမဆုံးအချက်ကတော့ Intern pluser တွေအနေနဲ့ အချိန်ကို အကျိုးရှိရှိအသုံးချပြီး အမြဲ improve ဖြစ်အောင် နေဖို့ပါ။ အခုလို ပြိုင်ဆိုင်မူပြင်းထန်တဲ့ခေတ်မှာ မနေ့ကထက်တော့ ဒီနေ့ ပိုတိုးတက်အောင် ဘာတွေသင်ယူနေသင့်လဲဆိုတာ စဉ်းစားသင့်ပါတယ်။ အရေးကြီးတာက ဘယ်တော့မှရပ်မနေဖို့ပါ။
ဘာလုပ်ချင်လဲ ရွေးချယ်ပါ။ဒုတိယအချက် ကတော့ ကိုယ် ဘာကိုတကယ်စိတ်ဝင်တစားလဲ? ဘာလုပ်ချင်လဲ? ဆိုတာကို ကိုယ်ကိုယ်တိုင် သေချာသိပြီး ဆုံးဖြတ်ချက် ချနိုင်ဖို့လိုပါတယ်။ မဟုတ်ရင်ယောင်လည် ယောင်လည်နဲ့ ဘာမှမလုပ်မိပဲ အချိန်များစွာဖြုန်းမိနေမာပါ။
ယုံကြည်မှု ထားပါ။Intern Pluser တွေအနေနဲ့ ကိုယ့်လုပ်ချင်တာကို ဆုံးဖြတ်ပြီးပြီ၊ ရွေးချယ်ပြီးပြီဆိုရင် ထိုအရာကို တကယ်ရအောင်လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးကို အမြဲစိတ်ထဲထည့်ထားဖို့လည်း လိုအပ်ပါတယ်နော်။
အားစိုက်ထုတ်မှု ရှိပါ။ကိုယ့်အနေနဲ့ ကိုယ်လုပ်ချင်တာကိုလည်းသိပြီ၊ လုပ်နိုင်တယ်လို့လဲ ယုံကြည်မူ ရှိနေပြီဆိုရင် နောက်တဆင့်ကတော့ တကယ်လက်တွေ့လုပ်ဆောင်ဖို့ပါပဲ။ ဘယ်လိုအတားအဆီးပဲရှိရှိ၊ ကိုယ့်သူငယ်ချင်းတွေဘာပဲလုပ်နေလုပ်နေ၊ ကိုယ်တကယ်ရည်မှန်းထားတဲ့ ပန်းတိုင် မရောက်မချင်း တစိုက်မတ်မတ် လုပ်နေဖို့ပါပဲ။
ရင်ဆိုင် ဖြေရှင်းပါ။ရည်မှန်းချက်ကိုအကောင်အထည်ဖော်နေတဲ့အချိန်မှာ အခက်အခဲတွေ၊ အတားအစီးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရနိုင်ပါတယ်။ ဒီအရာတွေကို အမှန်တကယ် ကြုံတွေ့ရတဲ့အခါမှာ ရှောင်ပြေးဖို့မကြိုးစားဘဲ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။
ဒီအချက်တွေကတော့ Intern Pluser တွေအတွက် ရည်မှန်းချက်ပန်းတိုင်ကို လျှောက်နေတဲ့လမ်းမှာ လက်ကိုင်ထားသင့်တဲ့အချက်တွေ ဖြစ်တာကြောင့် မျှဝေပေးလိုက်ရပါတယ်နော်။