လုပ်ငန်းခွင် မဝင်ခင် မဖြစ်မနေ ရှိထားသင့်တဲ့ Skill (၃) ခု

လုပ်ငန်းခွင်ထဲဝင်တော့မယ်ဆိုရင် မဖြစ်မနေရှိသင့်တဲ့ skill 3 ခုရှိတယ်ဆိုတာ သိပြီးသွားကြပြီလား?
လုပ်ငန်းခွင်ထဲကို ပထမဆုံးအနေနဲ့ဝင်ဖို့ ကြိုးစားနေတဲ့ လူတွေအနေနဲ့ အများဆုံး ကြုံတွေ့နေရတာကတော့ ဘာတွေကြိုပြီးပြင်ဆင်ထားရမလဲဆိုတာကို သေသေချာချာ မသိတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ Intern Plus Myanmar က လုပ်ငန်းခွင်ထဲ ဝင်ရောက်တော့မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေနဲ့ ကြိုပြီးပြင်ဆင်သွားနိုင်တာလေးတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ လုပ်ငန်းခွင်ထဲမှာ အလိုအပ်ဆုံးနဲ့ အရေးပါဆုံး skill ကတော့ communication skill ပဲဖြစ်ပါတယ်။ Communication skill လို့ပြောလိုက်ပြီဆိုရင် လူတွေအနေနဲ့ စကားပြောဆိုဆက်ဆံတာတစ်ခုထဲလို့ ထင်နေတာပါ။ အမှန်တကယ်ကတော့ လုပ်ငန်းအတွင်းမှာ မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ နှုတ်အမူအရာပိုင်းအရရော ကိုယ်အမူအရာ အနေအထားအရပါ လိုက်လျောညီထွေနဲ့ ညှိညှိနှိုင်းနှိုင်း နေတတ်ခြင်းပဲ ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ တတ်မြောက်ထားသင့်တဲ့ skill ကတော့ Basic technology skill ပဲဖြစ်ပါတယ်။ Basic technology skill ဆိုတာကတော့ လုပ်ငန်းခွင်အတွင်းမှာ အခြေခံအကျဆုံးဖြစ်တဲ့ Microsoft Office, Power point, Excel အစရှိတဲ့ ကွန်ပျူတာပိုင်းဆိုင်ရာ tools များနဲ့ပက်သတ်ပြီး ဗဟုသုတရှိခြင်း၊ သုံးစွဲတတ်ခြင်း အပါအဝင် ရုံးတွင်း email ပို့ခြင်း၊ social media ပိုင်းနဲ့ပက်သတ်ပြီး ကောင်းစွာကိုင်တွယ် အသုံးချတတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ရှိသင့်တဲ့ အရာတစ်ခုကတော့ Teamwork ပဲဖြစ်ပါတယ်။လုပ်ငန်းခွင်အတွင်းမှာ အချင်းချင်း စည်းလုံးမှုရှိပြီး အတူတကွ ကြိုးစားလုပ်ကိုင်ခြင်းဟာ အလုပ်လုပ်ကိုင်ရာမှာ တိုးတက်မှုမြင့်မားစေပြီး အခက်အခဲကြုံလာချိန်မှာလည်း အတူတကွ ပူးပေါင်းဖြေရှင်းနိုင်တာမို့ ရှိထားသင့်တဲ့ အလေ့အထ တစ်ခုပဲဖြစ်ပါတယ်။