လုပ်ငန်းခွင်မှာ အခက်အခဲနည်းအောင် ဘယ်လိုပြင်ဆင်မလဲ?

လုပ်ငန်းခွင်မှာ အခက်အခဲနည်းအောင် ဘယ်လိုပြင်ဆင်မလဲ ❓
Intern Pluser တို့ရေ လူငယ်အများစု လုပ်လေ့ရှိတာက ကျောင်းပြီးပြီဆိုတာနဲ့ လုပ်ငန်းခွင်ထဲတိုး၀င်ကြတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်မဖြစ် မသိသေးဘဲ လုပ်ငန်းခွင်ထဲ တန်းဝင်ဖို့ ကြိုးစားကြတာပေါ့နော်။
ဒီအခါမှာ အများစုကြုံတွေ့ရတတ်တာက professional မဆန်တာပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ စကားကောင်းကောင်း မပြောတတ်ကြတာတွေ၊ formal ဆန်ဆန် မပြောတတ်ကြတဲ့အခါမှာ တစ်ခါတစ်လေ အချင်းချင်းကြားမှာ နားလည်မှု လွဲတတ်ကြပါတယ်။ နောက်တစ်ခုက လူငယ်အများစုက internet ဆို Facebook နဲ့ Google လောက်ပဲသိကြပါတယ်။ တကယ်လုပ်ငန်းခွင် ဝင်တဲ့အခါမှာ လုပ်ငန်းတွင်း အသုံးပြုရတဲ့ digital tools တွေ၊ digital နဲ့ပတ်သက်တဲ့လုပ်ငန်းသုံး softwareတွေ၊ applicationတွေကို သိပ်မသိတာတွေ ကောင်းကောင်းမသုံးတတ်တာတွေ ဖြစ်နေကြပါတယ်။
ဒါတွေကတော့ လုပ်ငန်းခွင်မဝင်ခင်မှာ သေချာမပြင်ထားမိတဲ့ အမှားတွေပေါ့နော်။ ဒါဆို Intern Pluserတွေ အနေနဲ့ အမှားနည်းအောင် လုပ်ငန်းခွင်မဝင်ခင်ကတည်းက ဘာတွေပြင်ဆင်ထားသင့်လဲ ?
✅ Digital literacy ပထမဆုံးတစ်ခုကတော့ digital literacy ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ remote working culture တွင်ကျယ်လာတာနဲ့အမျှ လုပ်ငန်းအများစုက digitalize လုပ်လာကြပါပြီ။ ဒါ့ကြောင့် digital literacy ပိုင်းအရ ကိုယ့်ဘက်က ကြိုတင်လေ့လာပြင်ဆင်မှုတွေ လုပ်ထားမှသာလျှင် အဆင်ပြေမှာပဲဖြစ်ပါတယ်။ လုပ်ငန်းသုံး digital tools တွေကို သေသေချာချာသိထားဖို့လိုရုံတင်မကပဲ ကျွမ်းကျင်စွာသုံးတတ်ဖို့လည်း အလွန်အရေးပါပါတယ်။
✅ Creative Cv and Cover letter နောက်တစ်ခုအနေနဲ့ဆို Intern Pluser တွေ သေချာပြင်ဆင်ထားသင့်တဲ့အရာကတော့ ကိုယ့် CV/cover letter ကို creative ဖြစ်အောင်ရေးတတ်ဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အရေးပါတဲ့အချက်တစ်ခုဖြစ်တဲ့ ကိုယ်ကျွမ်းကျင်တဲ့ skills တွေကို သေသေချာချာ highlight လုပ်တတ်ဖို့လဲလိုအပ်ပါတယ်နော်။
✅ Business English လုပ်ငန်းခွင်ထဲရောက်ပြီဆိုရင် Intern Pluser တွေ department အလိုက် meeting တွေ တက်ရတော့မယ်။ meeting notes လိုက်မှတ်ရမယ်။ business email တွေ၊ report တွေရေးရတော့မယ်။ ဒါ့အပြင် public announcementတွေ လုပ်ရတော့မယ်ဆိုရင် လုပ်ငန်းခွင်သုံး English စာက လိုအပ်လာပြီ ဖြစ်တဲ့အတွက် business terms တွေ၊ usage တွေကို မဖြစ်မနေ တတ်ကျွမ်းထားသင့်ပါတယ်။
✅ Interpersonal skills Communication ဆိုတာ လုပ်ငန်းခွင်ထဲမှာမှ မဟုတ်ဘဲ လူတိုင်းရဲ့နေ့စဉ်ဘဝမှာ အရေးပါဆုံးနဲ့ မဖြစ်မနေ ပြောဆိုဆက်ဆံနေရတဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီမှာမှ Intern Pluser တွေ တစ်ခုသတိပြုရမှာက လုပ်ငန်းခွင်အတွင်းမှာဆိုရင်တော့ အထူးသဖြင့် formal ဆန်ဆန်နဲ့ ပြောဆိုဆက်ဆံတတ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ့်အထက်အရာရှိနဲ့ စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ် ဆောင်ရန်ရှောင်ရန်အချက်တွေကို သိထားဖို့လည်းလိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာဆို လူအများနဲ့ ပြောဆိုဆက်ဆံရတာဖြစ်တဲ့အတွက် သဘောထားမတိုက်ဆိုင်တဲ့အခါမျိုးတွေ၊ နားလည်မှု လွဲတဲ့အခါမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီလိုကြုံရတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ? ဘယ်လိုကိုင်တွယ်မလဲ? အစရှိသဖြင့် Intern Pluser တွေအနေနဲ့ လုပ်ငန်းခွင်မဝင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားသင့်တာပဲ ဖြစ်ပါတယ်။