ရုံးတွေပြန်တက်ရမယ်ဆိုရင် ရုံးတက်ဖို့ ဘာတွေပြင်ဆင်သင့်လဲ?

အိမ်မှာ အလုပ်လုပ်ရတာ (၂)လလောက်တောင် ရှိပြီထင်ပါ့! ကဲ ရုံးတွေပြန်တက်ရတဲ့အခါ Routine တွေ ပြန်ညှိရတော့မယ် ဟုတ်? … ဒါဆို ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ?
Social Distancing
First thing first! အရေးကြီးဆုံးကတော့ Social Distancing ပါ။ ပိုးတွေ့ရှိမှု လျော့နည်းသွားပြီဆိုပေမယ့် ကာကွယ်တာကတော့ လုပ်နေရဦးမှာဖြစ်ပါတယ်။ လူအများနဲ ့ အလုပ်လုပ်ရတာဆိုတော့ ပိုပြီးဂရုစိုက်ရမှာပါ။
လက်ပုံမှန်ဆေးပါ။ Mask တပ်ပါ။ အစားအသောက်တစ်ခုတည်းကို Share မစားပါနဲ ့ဒါလေးတွေ မှတ်ထားပါ။
Morning Routine
Work From Home လုပ်နေတုန်း Morning Routine နဲ့ ပုံမှန် ရုံးတက်တဲ့ Routine ကွာတယ်ဆိုတာ သိတယ်နော်! မနက်အိပ်ရာထ၊ မနက်စား၊ ထမင်းဘူးထည့်၊ ကားစီးပြီး ရုံးသွား ဆိုတာက တော်တော်များတဲ့ လုပ်စရာတွေပါ။ဒီတော့ ညဉ့်နက်ထိ မနေဘဲ စောစောအိပ်၊ မနက်စောစောထနိုင်ဖို့ ပြန်ပြင်ဆင်တော့နော်။
Good Personal Hygiene
တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိပါစေ။ ဒီလို ကာလမှာတင်မဟုတ်ဘဲ နေ့စဉ်နေ့တိုင်း တစ်ကိုယ်ရည်သန့်ရှင်းမှုက ရှိကိုရှိရပါတယ်။ ကိုယ့်ကျန်းမာရေးကောင်းသလို ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်အတွက်လည်း ကောင်းပါတယ်နော်။ ဒါအတွက်လည်း ကြိုပြင်ဆင်ထားပါဦး။
Mentally Prepared
ဒါကတော့ စိတ်ပိုင်းဆိုင်ရာပေါ့။ ရုံးပြန်တက်ရပြီဆိုရင်တော့ ခန္ဓာကိုယ်သာမက စိတ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ရတော့မှာပါ။ လူမှုဆက်ဆံရေး ပြန်လုပ်ရတော့မယ်။ Team နဲ့ ပြန်အလုပ်လုပ်ရမယ်ဆိုတော့ Team Spirit လေး ပြန်ဖြည့်ထားပေါ့။ပြီးတော့ Work From Home လုပ်တုန်းက ကြုံခဲ့ရတာတွေကို အကျိုးရှိရှိ ပြန်အသုံးချဖို ့လည်း ပြင်ဆင်ထားပါ။