fbpx

ပေါင်းသင်းဆက်ဆံရေး တိုးတက်ဖို့အတွက် အချက် (၄) ချက်

ပေါင်းသင်းဆက်ဆံရေး တိုးတက်ဖို့အတွက် အချက် (၄) ချက် ======

လူတိုင်းက ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် အတတ်ပညာတစ်ခုစီ တတ်မြောက်ထားဖို့လိုပါတယ်။ သက်ဆိုင်ရာ အတတ်ပညာမှာ ကျွမ်းကျင်လေလေ ပိုပြီးအောင်မြင်မှု ရလေပါ။

အတတ်ပညာတစ်ခုထဲ တက်မြောက်ထားရုံနဲ့လည်း မပြီးပါဘူးနော် လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ကလည်း အရေးကြီးပါတယ်။တစ်ချို့လူတွေကတော့ ကိုယ်နဲ့လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ ‌ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာတောင် ကျွမ်းကျင်ကြပါတယ်🤭ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အားနည်းတဲ့ Intern Pluser တို့အတွက် အခုပြောပြမယ့် အချက်လေး‌တွေက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်☺️

✅ တစ်ဖက်လူရဲ့စကားကို အာရုံစိုက်နားထောင်ပေးခြင်းလူအများနဲ့ဖြစ်စေ၊ တစ်ယောက်ခြင်းဖြစ်စေ စကားပြောတဲ့အခါမှာ ပြောနေသူရဲ့ စကားကို စိတ်ဝင်တစားနားထောင်ပေးပါ။ အဲလိုအမူအယာမျိုးရှိမှသာ စကားပြောနေသူက ကိုယ့်ရဲ့စကားကို အလေးထားနားထောင်ပေးတဲ့အတွက် သူပြောရကျိုးနပ်တယ်လို့ ခံစားရမှာပါ။

✅ မေးခွန်းကောင်းမေးတတ်ခြင်းအဲလိုဂရုတစိုက် နားထောင်ရင်းကနေ သင့်တော်တဲ့အချိန်မှာ မေးလိုက်သည့်မေးခွန်းကောင်းတစ်ခုက စကားပြောနေသူအား သူ၏စကားများကို ပိုပြီးလေးလေးနက်နက် ပြောဆိုဖြစ်အောင် လုပ်ပေးတဲ့အပြင်၊ သူ၏အထင်မြင်ကိုလည်း အမှန်တကယ် စိတ်ဝင်စားကြောင်း ပြသရာ ရောက်ပါတယ်။

✅ သဘောထားကွဲလွဲမှုကို တစ်ဖက်သား လက်ခံနိုင်အောင် ပြောတတ်ခြင်းမတူသော သဘောထားကို ငြင်းခုံဝေဖန်တာက သူ့အမြင်၊ ကိုယ့်အမြင်ကို ဖလှယ်တာမျိုးဖြစ်လို့ တန်ဖိုးရှိပါတယ်။ ဒါပေမယ့် အကျိုးသင့်၊ အကြောင်းသင့် ထောက်ပြတာမျိုးမဟုတ်ဘဲ ပြစ်တင်ပြောဆိုတာမျိုး မလုပ်သင့်ပါဘူးနော်။ တစ်ဖက်လူက မှားတာကို သိတယ်ဆိုရင်တောင် မှားတယ်လို့ တိုက်ရိုက်မပြောဘဲ ကိုယ်လက်ခံယုံကြည်ထားတဲ့အချက်ကို ညင်ညင်သာသာနဲ့ ပြောဆိုသင့်ပါတယ်။

✅ စကားကို ကြားဖြတ်မပြောခြင်းဒီအချက်ကတော့ လူတိုင်းသိထားတဲ့ အခြေခံအချက်လေးပါ။ တခြားသူစကားပြောနေရင် တက်နိုင်သလောက် ကိုယ်ကစကားကို ကြားဖြတ်မပြောမိပါစေနဲ့နော်။ အကယ်၍ မဖြစ်မနေပြောကိုပြောရမယ်ဆိုရင်လဲ သူ့စကားကို မလေးစားရာ မရောက်အောင် “ကျွန်‌တော်နည်းနည်းလောက် ဖြည့်စွက်ပြောပါရစေ” စသဖြင့် အဲလိုယဉ်ကျေးတဲ့ အသုံးအနှုန်းလေးတွေ သုံးပြီး ပြောဆိုပေးပါနော်။

  • Share this post

Leave a Comment