နေ့ရက်တိုင်းမှာ ပျော်ရွှင်စေဖို့🙂

နေ့ရက်တိုင်းမှာ ပျော်ရွှင်စေဖို့🙂 =======
Intern Pluser တို့ရေ နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာနေနိုင်ဖို့အတွက် ဒီအချက်လေးတွေကို လိုက်နာပြီး လုပ်ကြည့်ပါနော်👇👇
✅အကောင်းမြင်တတ်ဖို့အတွက် လေ့ကျင့်ပါ။ အကောင်းမြင်တတ်တယ်ဆိုတာက မပြောင်းလဲနိုင်တဲ့ အရာတွေကို စိတ်ဆင်းရဲနေမဲ့အစား ကိုယ်စိတ်ချမ်းသာနိုင်မယ့်ဘက်ကို ပြောင်းလဲမြင်ကြည့်တာပါ။ စိတ်ဖိစီးမှုတွေများလာရင် ကိုယ့်ကိုကိုယ် အကောင်းမြင်ဖို့ သတိပေးပါ။ အကောင်းမြင်တတ်ခြင်းက ကိုယ့်ကိုပျော်ရွှင်စေပြီး ကိုယ့်ဘဝကို အများကြီး ပြောင်းလဲလာစေတာတွေ့မှာပါ။
✅ တခြားသူတွေ ကိုယ့်ကို ဘယ်လိုတွေးလဲဆိုတာ မစဥ်းစားပါနဲ့။ တခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မလဲ၊ ဘယ်လိုတွေးနေမလဲဆိုပြီး စဥ်းစားနေရတာ ကိုယ့်ကိုဖိအားများပြီး စိတ်ညစ်စေသလို ပင်လည်းပင်ပန်းပါတယ်။ ကိုယ်ဒါကိုလုပ်ရင် သူများဘာပြောမလဲဆိုတာ မတွေးဘဲနဲ့ လုပ်စရာရှိတာကိုသာဖြစ်မြောက်အောင်လုပ်ပါ။
✅ အတိတ်ကို အအတိတ်မှာဘဲထားခဲ့ပါ။ အတိတ်က ဖြစ်ပြီးခဲ့တဲ့အရာတွေက အခုလက်ရှိအချိန်မှာ ပြန်ပြင်လို့လဲ မရတာမလို့ အတိတ်က အကောင်း၊ အဆိုးတွေကို အတိတ်မှာဘဲထားခဲ့ပြီးတော့ အခုပစ္စုပ္ပန်မှာဘဲ ကိုယ် လုပ်ရှိလုပ်နေတာတွေ၊ လုပ်နိုင်တာတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ။
✅ ကိုယ့်ရဲ့ဘဝကို တခြားသူရဲ့ဘဝနဲ့ မနှိုင်းယှဥ်ပါနဲ့။ ကိုယ်ဟာ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှမတူတဲ့ တစ်ဦးတည်းသောသူပါ။ အဲဒီတော့ မိမိကိုယ်ကို ဘယ်သူနဲ့မှလိုက်ပြီး ယှဥ်စရာမလိုပါဘူးနော်။ ကိုယ့်ရဲ့ ဘဝပန်းတိုင်နဲ့ သူတို့ရဲ့ ဘဝပန်းတိုင်က တူမှာမဟုတ်တာမလို့ သူများတွေနဲ့မယှဥ်ဘဲနဲ့ ကိုယ့်ပုံစံအတိုင်းဘဲနေပါ။ ကိုယ်ဖြစ်ချင်တာတွေကို အကောင်းဆုံးလုပ်ပါ။ ကိုယ်လုပ်ခဲ့တဲ့အရာတွေအတွက် ဂုဏ်ယူပါ။
✅ အလွန်အကျွံတွေးခြင်းကိုလျှော့ပါ။ ဘယ်အရာကိုဘဲ လုပ်လုပ် မလုပ်ခင်မှာ ကြိုတွေးတတ်ကြတာ ထုံးစံပါဘဲနော်။ လိုအပ်သလောက်ဘဲတွေးပါ။ တချို့က ဖြစ်မလာသေးတဲ့အရာတွေအတွက် ကြိုပြီးအတွေးလွန်နေတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ဘာမှဖြစ်မလာသေးခင်မှာ စိတ်ပင်ပန်းတာ အရင်ဆုံးရပါတယ်။ ကိုယ့်မှာဖြစ်ပျက်လာတဲ့အရာတွေကို ကိုယ်ကဘယ်လိုတုံ့ပြန်ဖြေရှင်းမလဲဆိုတာ အရေးကြီးတာမလို့ အရမ်းကြီးအတွေးမလွန်ကြပါနဲ့နော်။
✅ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် ပြုံးပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် တခြားတစ်ယောက်မှာ တာဝန်မရှိပါဘူးနော်။ ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။ မသေချာတဲ့ မနက်ဖြန်ကို တွေးပူနေမယ့်အစား အခုလက်ရှိအချိန်လေးမှာ ပျော်ပျော်နေပါ။ များများပြုံးပါ။ အကောင်းဘက်က မြင်တတ်ဖို့ကိုလဲ လေ့ကျင့်ပါ။