ဒီလို ပျော်ဖို့ကောင်းတဲ့ နည်းတွေနဲ့ English စာလေ့လာကြည့်ပါ

English စာကို စတင်လေ့လာနေတဲ့ သူတွေရော လေ့လာလက်စရှိနေတဲ့ သူတွေအတွက်ပါ အကျိုးရှိပြီး ပျော်ရမယ့် English စာလေ့လာနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
Sing along the song lyrics: Pronunciation ကောင်းဖို့နဲ့ Listening Skill ပိုကောင်းလာဖို့အတွက် ကိုယ်ကြိုက်တဲ့ သီချင်းတွေကို စာသားကြည့်ရင်း လိုက်အော်ဆိုကြည့်ပါ။
Watch Movie in English subtitle: ဒါကတော့ Reading နဲ့ listening skill ပိုကောင်းလာမှာ ဖြစ်တဲ့အပြင် daily conversation တွေကို ဘယ်လို စကားလုံးတွေသုံးပြီး ပြောရမလဲဆိုတာကို ပိုသိနားလည်နိုင်ပါတယ်။
Think in English: English လို ပါးစပ်က ထုတ်မပြောခင်၊ လက်ကချမရေးခင်မှာ အရင်ဆုံး ခေါင်းထဲ ဘာသာပြန်တာမျိုးမလုပ်ဘဲ English လို direct meaning ကိုပဲ အရင်တွေးပါ၊စဉ်းစားကြည့်ပါ။ ပိုပြီး သွက်လက်လာပါလိမ့်မယ်။
Start writing diary in English: တစ်နေ့တာ ဒိုင်ယာရီရေးတဲ့အခါ English လိုရေးကြည့်ပါ။ မသိသေးတဲ့စကာလုံးအသစ်တွေရှိလာရင် dictionary ရှာပြီး မှတ်တော့ vocabulary လည်း ကြွယ်ဝလာတာပေါ့။
Chat with friend in English: Speaking Skill ကလည်း လိုအပ်တော့ သူငယ်ချင်းတစ်ယောက်နဲ့ အတူ စကားစမြည်ပြောရင်း လေ့ကျင့်ဖို့ပါ။တစ်ယောက်နဲ့ တစ်ယောက် သိတာတွေ share လို့ရတော့ ပိုပျော်ဖို့ ကောင်းမှာပါ။