fbpx

ညဘက် အိပ်မပျော်ရင် ဘယ်လိုလုပ်မလဲ?

ညဘက် အိပ်မပျော်ရင် ဘယ်လိုလုပ်မလဲ❓

👦လူငယ်တွေအနေနဲ့ အခုခေတ်မှာ နေရာအစုံကလာတဲ့ စိတ်ဖိစီးမှုတွေနဲ့ အကြောင်းအမျိုးမျိုးတို့ကြောင့် အိပ်မပျော်တာမျိုးတွေဖြစ်လာတတ်ကြပါတယ်။ ဒီ ညအိပ်မပျော်တဲ့ ပြဿနာဟာ စိတ်မကြည်လင်မှုကို ဖြစ်စေပြီးတော့ တစ်နေ့တာ အလုပ်တွေကိုလည်း ကောင်းစွာမလုပ်ဆောင်နိုင်တာမျိုးတွေလည်း ဖြစ်လာနိုင်စေပါတယ်နော်။

🤦‍♂️Stress များတဲ့အချိန်တွေ၊ အိပ်ယာပြောင်းတဲ့ အချိန်၊ နေရာပြောင်းတဲ့အချိန်၊ ဆူညံသံတွေများနေတဲ့အချိန်၊ အလုပ်အသစ် ကျောင်းအသစ် တက်ရတဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရင်ခုန် စိတ်လှုပ်ရှားမှုတို့ ဖြစ်တဲ့ အချိန်မျိုးတွေမှာ ညဘက် အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်တာက တချို့လူတွေအတွက် ၁ ပတ်လောက်ပဲကြာတတ်ပေမယ့် တချို့တွေအတွက် နာတာရှည်ရောဂါလိုမျိုး ခံစားနေတတ်ကြရပါတယ်။ အဲ့ဒီလိုတွေဖြစ်လာပြီဆိုရင် အောက်ကအချက်လေးတွေကို လိုက်လုပ်ကြည့်ပါနော်။

✅ကိုယ့်ရဲ့ တစ်နေ့တာမှာ Caffeine Intake တွေကို လျှော့ချပေးပါ။ ကော်ဖီတွေ Alcoholic Drinks တွေမှာ ပါဝင်တဲ့ Caffeine ဓာတ်က လူရဲ့ အာရုံကြောကို လှုံ့ဆော်ပေးတာမလို့ မျက်စိကြောင်စေပါတယ်နော်။ Caffeine ဓာတ်တွေ များလာတဲ့အခါ ခန္ဓာကိုယ်က မောပန်းလာပေမယ့် အာရုံကြောက အိပ်မပျော်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒါအပြင် Caffeine ဓာတ်က အလွန်အကျွံ များပြားလာတဲ့အခါ Hormones ဓာတ်တွေ Imbalance ဖြစ်လာပြီး အသားအရေကိုပါ ထိခိုက်လာတာမလို့ လျှော့ချပေးသင့်ပါတယ်နော်။

✅ စိုးရိမ်ပူပန်နေတာတွေကိုလည်း တတ်နိုင်သလောက် လျှော့ချပေးပါ လူငယ်တွေမှာ စာမေးပွဲတွေ တခြားကိစ္စတွေကြောင့် မလိုအပ်ပဲ စိုးရိမ်သောကတွေများနေတတ်ကြပါတယ်။ အဲ့လိုအချိန်မျိုးမှာ မိမိက အကောင်းဆုံးလုပ်ထားပြီးပြီမလို့ မစိုးရိမ်ပဲ တတ်နိုင်သလောက် စိတ်ကိုဖြေလျှော့ပြီးနေပါနော်။

✅မလိုအပ်ပဲ အိပ်ယာပေါ်ကို မသွားပါနဲ့။ ကိုယ့်အတွက် အိပ်ချိန်ရောက်တဲ့ အခါမှသာ အိပ်ယာဝင်ပါနော်။ အစာစားတာတွေ၊ TV ကြည့်တာတွေကို အတတ်နိုင်ဆုံး အိပ်ယာပေါ်မှာ မလုပ်ပါနဲ့နော်။ အိပ်တဲ့ အခါမှာလည်း မနက်ထမယ့်အချိန်ကို မှန်မှန်ကန်ကန် Alarm ပေးပြီးထတာက ပိုပြီး အိပ်ရေးဝစေပါတယ်။ မနက်နိုးတဲ့အခါမှာလည်း မထသေးပဲ ဖုန်းသုံးနေတာတွေ လျှော့ပါနော်။ အဲ့ဒါက မျက်စိကို ပင်ပန်းစေပြီး အာရုံကြောကိုလည်း ထိခိုက်စေပါတယ်။

✅ ကိုယ်လက်လှုပ်ရှား အားကစားတွေလုပ်ပေးပါ တစ်နေကုန် စာလုပ်တဲ့အခါ၊ အလုပ်လုပ်ရတဲ့ အခါခန္ဓာကိုယ်က ကြွက်သားတွေ အကြောတွေ တောင့်တင်းနေတဲ့ အခါတွေမှာလည်း အိပ်ရတာ သက်တောင့်သက်သာ မရှိဖြစ်တတ်ပါတယ်နော်။ အဲ့ဒါကြောင့် တစ်နေ့ကို 15 မိနစ်လောက် ပေါ့ပေါ့ပါးပါး အားကစားလေးတွေ လုပ်ပေးပါနော်။

🩺ဒီ့ထက် ပြင်းထန်တဲ့ အခြေအနေမျိုးမှာတော့ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေကို ပြကြည့်ဖို့ အကြံပြုပါတယ်နော်။ အိပ်ချိန်မှန်ပြီး အိပ်ရေးဝဖို့ကလည်း ကျန်းမာရေးနဲ့ အများကြီးသက်ဆိုင်နေတာမလို့ Intern Pluser တို့ကို ဂရုစိုက်စေချင်ပါတယ်နော်။

  • Share this post

Leave a Comment