ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့!

ခေါင်းဆောင်ကောင်း ဖြစ်ဖို့ နောက်လိုက်ကောင်းတစ်ယောက်အဖြစ်ကနေ စတင်ရတယ်ဆိုတာကို အားလုံး သိနားလည် ထားကြမှာပါ။ ဒီတော့ အဖွဲ့အစည်းတစ်ခုထဲမှာ အဖွဲ့ဝင်ကောင်း၊ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာအရည်အချင်းတွေရှိထားရမလဲ?
Work Ethic : ကိုယ့်ရဲ့ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ပြီး အဖွဲ့အစည်းအပေါ်မှာရော အဖွဲ့သားအချင်းချင်းအပေါ်မှာရော စိတ်နေသဘောထား မှန်ကန်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိမှာ အဖွဲ့ဝင်ကောင်း ပီသမှာပါ။
Loyalty : သစ္စာစောင့်သိဖို့ ဆိုတာ အဖွဲ့အစည်းတစ်ခုအတွင်း မရှိမဖြစ်အရာဖြစ်တဲ့အတွက် နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်ရဲ့ ခေါင်းဆောင်အပါအဝင် အဖွဲ့သားတွေအပေါ် သစ္စာရှိဖို့ လိုအပ်ပါတယ်။
Self Management : အဖွဲ့အစည်းအတွင်း ကျရာတာဝန်တွေကို အချိန်မီ ပြီးမြောက်ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့ ကိုယ့်ကိုကိုယ် စီမံတတ်ဖို့ လည်းလိုပါတယ်။ Self-management skill တွေက အများကြီးရှိတဲ့အတွက် သင်ယူလေ့လာထားဖို့လိုပါမယ်။
Enthusiasm : အမြဲ အသစ်အသစ်တွေသင်ယူလေ့လာဖို့ တက်ကြွနေရပါမယ်။ အဖွဲ့အစည်းနဲ့ ကိုယ့်ရဲ့ စွမ်းရည်တွေကို ပိုတိုးတက်စေမယ့် ပညာရပ်တွေကို အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ စိတ်အားထက်သန်မှုရှိဖို့ လိုပါတယ်။
ဒါကတော့ တစ်ချိန်မှာ ခေါင်းဆောင်ကောင်းဖြစ်ချင်တဲ့ လူငယ်တွေအတွက် အရင်ဆုံး နောက်လိုက်ကောင်းတစ်ယောက်အောင် လုပ်ဖို့ လိုအပ်တဲ့ အချက်တွေကိုပြောပြပေးခဲ့တာပါ။